၃.၁၁.၂၀၂၅’
Written By Thandar
Golden Star Organization ရဲ့စီစဉ်မှုနဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Calypso Asiatique မှာ ကျင်းပခဲ့တဲ့ Mrs. Asia International 2025 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အိသန္တာထွန်းက Mrs. Asia International 2025 Tourism Crown ဆုနဲ့အတူ Best National Costume၊ Goodwill Ambassador ဆု တို့ကို အသီးသီးရရှိခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။
“အစ်မတို့ Organization က မှန်းထားတာပေါ့။ အရမ်းဖြစ်စေချင်တာပေါ့။ ဒီဇိုင်နာတွေနဲ့လည်း National Costume တွေကို သေချာပြင်ဆင်ခဲ့ကြတယ်။ အကုန်ပံ့ပိုးကူညီခဲ့တာ။ နောက်ဆုံး ဆုကြေညာချိန်မှာ မြန်မာဆိုတာ နာမည်ပါလာတော့ အရမ်းဝမ်းသာခဲ့ရပါတယ်”လို့ Golden Star Organization မခင်မြထွေးက ပြောပါတယ်။




အဆိုပါ ပြိုင်ပွဲမှာတော့ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားစတဲ့ နိုင်ငံပေါင်းစုံ အိမ်ထောင်ရှင်အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု အလှမယ် အိသန္တာထွန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ရက်နေ့က Final Round ကို Mrs. Asia International 2025 ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ်အိသန္တာထွန်းက Mrs. Asia International 2025 Tourism Crown ဆု နဲ့အတူ Best National Costume၊ Goodwill Ambassador ဆု တို့ကို အသီးသီးရရှိခဲ့တာပါ။




“ကျွန်မအနေနဲ့ ဒီဆုတွေကို ရရှိခဲ့တဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ကိုယ်နိုင်ငံက တိုင်းရင်းသားရိုးရာဝတ်စုံကိုလည်း တော်တော်လေး လေးပေးမယ့် ရအောင်ကြိုး စားပြီး ချပြနိုင်ခဲ့ပါတယ်။ ဒီဇိုင်နာဟားခါးထွန်းထွန်းဝတ်စုံဖန်တီးမှုကောင်းတာလည်းပါသလို ဒီဇိုင်နာစုရဲ့ ဝတ်စုံတွေကြောင့်လည်း ပါပါတယ်။
နောက် ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ဒီဆုတွေလည်း ရတဲ့အတွက် ပင်ပန်းရကျိုးနပ်တယ်လို့ပြောလို့ရပါတယ်။ အားလုံးဝိုင်းဝန်းရံပေးကြတဲ့ တစ်ယောက်ဆီတိုင်းကိုလည်း ကျေဇူး အထူးတင်ပါတယ်”လို့ Mrs. Asia International 2025 Tourism Crown ဆုရှင် အိသန္တာထွန်းက MT Entertainment ကိုပြောပါတယ်။
