၂.၁၁.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနဲ့ ရေစက်သွန်းချအလှူမင်္ဂလာပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစွယ်တော်လမ်းရှိ ကလေးဝတောရစာသင်တိုက် နာဂလှိုဏ်ဂူမှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ကတော့ ကျွန်တော်တို့အနေနဲ့ နှစ်စဉ်ကျင်းပနေတဲ့ ရုပ်ရှင်လောကသားတွေရော စေတနာရှင်တွေရော စုပေါင်းလှူဒါန်း ကုသိုလ်ပြုကြတာဆိုရင် ၂၁ ကြိမ်မြောက် ရှိပါပြီ။ ခုလို သိုက်သိုက်ဝန်းဝန်းလေးနဲ့ လှူဒါန်းကုသိုလ်ပြုရတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ ကျောင်းက သံဃာတော်တွေ တရားထူး တရားမြတ်တွေ နာကြားရတာလည်း အင်မတန်ကို ဝမ်းမြောက်ရပါတယ်”လို့ အကယ်ဒမီ ရန်အောင်က ပြောပါတယ်။




အဆိုပါ အခမ်းအနားမှာ “ကလေးဝတောရစာသင်တိုက်”ကျောင်းရှိ သံဃာတော်အပါး ၆၀၀ ကို နေ့ဆွမ်း ခဲဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်း တရားတော်နာယူခဲ့ပြီး ရေစက်သွန်းချလှူဒါန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယကကြီးတွေစတဲ့ သူတွေအပြင် အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု၊ စိုးသီဟ၊ အမေများအဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
