၃၁.၁၀.၂၀၂၅
Written By Thandar
Lynk & Co Myanmar ရဲ့ Edgy Sporty SUV Launching Event ပွဲအခမ်းအနားကို အောက်တို ဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပရာ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရွှေမှုံရတီ၊ အဆိုတော်မေတို့ တက်ရောက်ခဲ့ကြပါတယ်။

“မေက ဒီနေ့ Lynk & Co Myanmar က Edgy Sporty SUV ကားအသစ်ကို မိတ်ဆက်တာကို တက်ရောက်ဖြစ်တာပါ။ မေက Performance လုပ်မယ်ပေါ့။ သီချင်းဖျော်ဖြေမှာပါ။ ကားက Sporty Type ဆိုတော့ လုံးဝကျစ်ကျစ်လစ်လစ်နဲ့ မောင်းရတာ သွက်တာမို့ ကြိုက်တယ်။ ကောင်းပါတယ်။ အကြိုက်ဆုံးက အရောင်လေးက Pink ပါလို့ သဘောကျတယ်။ မြင်ရတာရှားတဲ့ အရောင်မို့လေ။ သူရဲ့ညဘက်မှာပါတဲ့ မီးအလင်းလေးကမိုက်တယ်။ ထိုင်ရတဲ့ခုံကလည်း သက်တောင့်သက်သာရှိတယ်”လို့ အဆိုတော် မေက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရွှေမှုံရတီ၊ အဆိုတော်မေ၊ Dancer အဖွဲ့စတဲ့သူတို့အပြင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ကားလောကက နာမည်ကြီး Influencer တွေ စသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“နောက်ဆုံးပေါ်နည်းပညာနဲ့ Powerful ဖြစ်တဲ့ Driving Experience ခံစားချင်တဲ့ သူတွေအတွက် ပြီးပြည့်စုံအောင် ပေါင်းစပ်ဖန်တီးထားတဲ့အပြင် လူကြီမင်းတို ချစ်ခင်တဲ့ အနုပညာရှင်တွေနဲ့လည်း ဆုံစည်းနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်” လို့ အဆိုပါပွဲမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒိနောက် အဆိုတော်မေရဲ့ တေးသီချင်းတွေဖျော်ဖြေခဲ့သလို ရွှေနှစ်ရွှေတို့ရဲ့ ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေပြောခဲ့ပြီးနောက် Lynk & Co Myanmar ကားဈေးနှုန်းဖြစ်တဲ့ ကျပ် ၁၆၈,၈၀၀,၀၀၀ ကို ကြေညာခဲ့ပါတယ်။
