MT News
၂၉. ၁၀. ၂၀၂၅
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို အဆိုတော်၊ သရုပ်ဆောင် ၅၀ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဈေးရောင်းပွဲတော်နှင့် အများပြည်သူဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်ရေးဆပ်ကော်မတီက အသိပေးထားသည်။
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်အား နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အများပြည်သူများ ဘုရားဖူးမြော်လာရောက်စဉ် စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် ဈေးဆိုင်ခန်း များနှင့် ကစားကွင်းများဖြစ်သည့် ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိကစားကွင်း၊ ကလေးစီးချားဝိုင်း၊ ကလေးစီး ရထားဝိုင်း၊ ကလေးစီးလှုပ်စိ၊ ကလေးစီးဒုံးစသည့် ကစားနည်းများအပြင် နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် အိုင်းရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ မိစန္ဒီ၊ ရတနာမိုင်၊ သံသာမိုးသိမ့်၊ ချယ်ရီသင်း၊ ရွှေထူး၊ ဟဲလေး၊ လွှမ်းပိုင်၊ နန်းစုရတီစိုး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း စသည့်နာမည်ကြီးအဆိုတော်များ ပါဝင်ဖျော်ဖြေမည့် ခေတ်ပေါ် တေးဂီတ(စတိတ်ရှိုး) ဖျော်ဖြေရေးအစီအစဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ အများပြည်သူများသိရှိနိုင်စေရေး အသိပေးထားသည်။
အထက်ပါ အဆိုတော်များအပြင် တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော အဆိုတော်ကြီးများဖြစ်သည့် ကိုင်ဇာ၊ ရဲသွင်၊ ဖြိုးကြီး၊ ကော်နီ၊ စိန်ဝင်းထွန်း စသူတို့လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။


