
၂၅. ၁၀. ၂၀၂၅
Written by MMAK
◾ချဲလ်ဆီး Vs ဆန်းဒါးလန်း
ချဲလ်ဆီးအသင်းက နောက်ဆုံးလေးပွဲဆက် အနိုင်ရခဲ့ပြီး ဘင်ဖီကာ၊ လီဗာပူးနဲ့ အေဂျက်တို့ကို အနိုင်ရခဲ့တာကြောင့် အသင်းကောင်းတွေကို အနိုင်ရထားတဲ့ ခြေစွမ်းက အားရစရာ ကောင်းနေပါတယ်။ ဆန်းဒါးလန်းက အိမ်ကွင်းရှုံးပွဲ မရှိသေးပေမဲ့ အဝေးကွင်းလေးပွဲမှာတော့ တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး တိုက်စစ်က တစ်ဂိုးပဲ ရထားပါတယ်။ တန်းတက်အသင်းဖြစ်တာနဲ့အညီ အိမ်ကွင်းအားပြုကစားတတ်ပေမဲ့ အဝေးကွင်းညံ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ဒီပေါက်ကြေးက ကြေးမှန်တယ်လို့ ပြောရမှာဖြစ်ပြီး ချဲလ်ဆီးအသင်း တစ်ဂိုးနဲ့တော့ အနိုင်ရနိုင်ပြီး ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာဘဲ ကြည့်ရမယ် ထင်တယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပိုင်း အနည်းငယ်တိုးတက်လာသလို ဆန်းဒါးလန်းရဲ့ အဝေးကွင်းတိုက်စစ်က လေးပွဲမှာ တစ်ဂိုးသာ ရခဲ့တာကြောင့် ဒီပွဲမှာလည်း တစ်ဂိုးထက်ပိုရမယ်လို့ မထင်ပါဘူး။ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ အပေါ်စုံတွေများခဲ့ပြီး ဒိုင်တွေ အထိနာခဲ့တာကြောင့် ဒီအပတ်ကစားမဲ့ ပွဲစဥ်တွေမှာ သတိထားသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားဆိုတာ ဂိုးပေါ်ခေါ်နေတယ်လို့ ယူဆထားတာကြောင့် ဂိုးအောက်ကို ပိုအကြိုက်တွေ့နေပြီး ချဲလ်ဆီးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးပေါင်းပြန်ထိန်းမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾နယူးကာဆယ် Vs ဖူဟမ်
နယူးက ပရီးမီးယားလိဂ်မှာ ရလဒ်သိပ်မကောင်းပေမဲ့ ချန်ပီယံလိဂ်မှာတော့ အမှန်အကန်ကို ရုန်းကစားနေပြီး ခြေစွမ်းနဲ့ရလဒ်ပိုင်း အရမ်းကောင်းတာ တွေ့ရပါတယ်။ ဖူဟမ်ကတော့ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး နောက်ဆုံးသုံးပွဲဆက် ရှုံးထားပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်က ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဖူဟမ်အသင်းက နှစ်ကျော့လုံး အနိုင်ရခဲ့ပြီး အိမ်ကွင်းပွဲမှာ နယူးကာဆယ်က တစ်လုံးငါးဆယ်စား ပေးခဲ့တာ တွေ့ရတယ်။ ဒီရာသီမှာ ဖူဟမ်က ခြေစွမ်းညံ့နေလို့ ဒီပေါက်ကြေးပေါက်တာဟာ ပျော့တယ်လို့ ပြောလို့မရသလို ပြင်းတယ်လို့လည်း ပြောလို့မရပါဘူး။ တကယ်လို့ နယူးကသာ တစ်လုံးသရေလောက် ကြေးတက်လာခဲ့ရင် နယူးအနိုင်ပဲလို့ တွက်လို့ရပေမဲ့ တစ်လုံးနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက အောက်အသင်းတွေ ကြေးစားတတ်ပြီး နိုင်ရင်လည်း တစ်ဂိုးထက် မပိုတတ်ပါဘူး။ အိမ်ကွင်းကောင်းတဲ့ နယူးကာဆယ်ကြောင့် တစ်ဂိုးနိုင်တာနဲ့ ပြားနှစ်ဆယ်စားရမဲ့ နယူးဘော်ဒီကို ထိုးသားအများစု ကြိုက်နေပါလိမ့်မယ်။ ဒီအချက်ကြောင့် ဒီပွဲက သရေဖြစ်သွားနိုင်သလို သုံးပွဲဆက်ရှုံးထားတဲ့ ဖူဟမ်အသင်းရဲ့ ရုန်းအားကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ နယူးကာဆယ်အသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးထက်မပိုဘူးလို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ ဖူဟမ်ဘော်ဒိီကို ရွေးချယ် ပေးချင်ပါတယ်။

◾မန်ယူ Vs ဘရိုက်တန်
လီဗာပူးအသင်းကို အနိုင်ရခဲ့တဲ့ပွဲက မန်ယူအသင်းရဲ့ခြေစွမ်းက အတော်လေးကောင်းခဲ့သလို ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တဲ့ နိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဘရိုက်တန်ကလည်း နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာရှုံးခဲ့ပြီး မန်စီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်ကို အနိုင်ရကာ စပါးအသင်းကို သရေကစားခဲ့တဲ့ခြေစွမ်းက လျှော့တွက်လို့မရတဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ မန်ယူအသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးပေါက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အသင်းက နှစ်ကျော့လုံး အနိုင်ရခဲ့ပေမဲ့ ဒီပွဲမှာတော့ ထပ်နိုင်သွားဖို့ မလွယ်ပါဘူး။ ဘရိုက်တန်ရဲ့ အဝေးကွင်းခြေစွမ်းက သိပ်မကောင်းဘဲ တောင်ပံတိုက်စစ်ကစားသမား မီတိုမာလည်း မပါနိုင်တာကြောင့် ဒီပွဲမှာ မန်ယူအသင်းရဲ့ နိုင်ပွဲကို ထပ်မြင်ရမယ်လို့ ထင်ပါတယ်။ နောက်ဆုံးငါးပွဲဆက် မရှုံးထားတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ရှုံးပွဲတွေ့ချိန်တန်နေပြီဖြစ်သလို မန်ယူကလည်း ခြေစွမ်းကောင်းနေတာကြောင့် အနိုင်ရသွားမယ် ထင်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးက အနည်းငယ်ပြင်းရှတယ်လို့ ယူဆထားပေမဲ့ အပြန်အလှန်ဂိုးတွေနဲ့ ဂိုးပေါ်မယ်လို့ မထင်ပါဘူး။ မန်ယူနိုင်မယ်လို့ ယူဆထားလို့ ဂိုးပေါ်ထပ်သွားမယ်လို့ မထင်ထားသလို အများဆုံးအနေနဲ့ သုံးဂိုးလောက်ပဲ မြင်ရမယ် ထင်ပါတယ်။ မန်ယူအသင်းက တစ်ဂိုးအသာနဲ့ ကပ်နိုင်သွားတာမျိုး ဖြစ်နိုင်သလို နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပွဲမှာ ဂိုးအောက်ကိုတောင် ပိုကြုက်နေပြီး တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ကို အပိုင်ရွေးချယ်ပြီး မန်ယူဘော်ဒီကို အနည်းငယ် ကစားသင့်ပါတယ်။

◾ဘရန့်ဖို့ Vs လီဗာပူး
လီဗာပူးအသင်းက လေးပွဲဆက်ရှုံးခဲ့ပေမဲ့ နောက်ဆုံးပွဲမှတော့ ဖရန့်ဖတ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ယုံကြည်မှု ပြန်ရခဲ့ပါတယ်။ ဘရန့်ဖို့က အိမ်ကွင်းကောင်းတဲ့အသင်းမျိုးဖြစ်ပြီး အသင်းကြီးတွေကို ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတတ်ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက အရမ်းကိုပျော့နေပြီး ပြီးခဲ့တဲ့တစ်ပတ်ကျော်က ဘရန့်ဖို့နဲ့ မန်စီးတီးပွဲမှာ မန်စီးတီးအသင်းက တစ်လုံးသရေအထိတောင် ပေးခဲ့တာကြောင့် လီဗာပူးအနေနဲ့ တစ်လုံးသုံးဆယ်စားလောက်ထိ ပေးရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲလိုနေတဲ့ လီဗာပူးအသင်းအနေနဲ့ ဒီကြေးပေးတာ လုံးဝမဖြစ်သင့်ပါဘူး။ လီဗာပူးအသင်းကို ဘော်ဒီကြေးအောင်ဖို့ခက်မယ်လို့ ယူဆထားလို့ ဂိုးပေါ်အောင်ဖို့အတွက် လေးဂိုးလောက်က ဘယ်အသင်းက သွင်းမှာလဲဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ ဘရန့်ဖို့က ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားလာမယ်လို့ ယူဆထားတာကြောင့် လီဗာပူးအသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်ပါတယ်။ အများဆုံးအနေနဲ့ သုံးဂိုးလောက်ပဲ မြင်ရမယ်လို့ ယူဆထားတာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဟော့ဖန်ဟိမ်း Vs ဟိုက်ဒမ်ဟိမ်း
ဟော့ဖန်ဟိမ်းက အဝေးကွင်းလေးပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်တစ်ပွဲသရေနဲ့ ဆယ်မှတ်ရထားပြီး အဝေးကွင်းအကောင်းဆုံးအသင်းဖြစ်နေပေမဲ့ အိမ်ကွင်းသုံးပွဲမှာ သုံးပွဲလုံး ရှုံးထားပါတယ်။ ဟိုက်ဒမ်ဟိမ်းက အဝေးကွင်းသုံးပွဲလုံးရှုံးထားပြီး တိုက်စစ်ကလည်း တစ်ဂိုးသာ ရထားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဟော့ဖန်ဟိမ်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးပေါက်ပါတယ်။ ဟော့ဖန်ဟိမ်းအနေနဲ့ ဘော်ဒီကြေးကို တစ်လုံးငါးဆယ်စားလောက်ပေးရင်ကို လုံလောက်တဲ့ အနေအထား ဖြစ်နေတာကြောင့် တစ်လုံးသရေပေးတာဟာ လုံးဝကြေးပြင်းနေပါတယ်။ ဂိုးပေါင်းကြေးကလည်း လိုအပ်တာထက် ပြင်းရှနေတာကြောင့် ဒီပွဲမှာ ဟော့ဖန်ဟိမ်းအသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရသွားမယ်လို့ ယူဆရမှာဖြစ်သလို ပေါက်ကြေးအရ ဂိုးပြတ်တောင် အနိုင်ရသွားနိုင်ပါတယ်။ အိမ်ကွင်းနိုင်ပွဲလုံးဝမရသေးတဲ့ ဟော့ဖန်ဟိမ်းအသင်း အနိုင်သေချာနေသလို ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပထမဆုံးနိုင်ပွဲရရှိသွားမယ်လို့ ထင်ပါတယ်။ စနေညအတွက် ဟော့ဖန်ဟိမ်းဘော်ဒီဟာ စာရေးသူရဲ့ အကြိုက်ဆုံး ဖြစ်ပါတယ်။
◾နာပိုလီ Vs အင်တာမီလန်
စီးရီအေရဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်သလို ခြေစွမ်းကောင်းတဲ့ အသင်းနှစ်သင်း ထိပ်တွေ့နေတာလို့လည်း ပြောလို့ရပါတယ်။ ဒီနှစ်သင်းဟာ အီတလီစီးရီးအေဖလားအတွက် အပြိုင်လုရမဲ့ အသင်းကြီးနှစ်သင်းလို့ ပြောရင်လည်း မမှားပါဘူး။ ဒီပွဲစဥ်မှာ အင်တာမီလန်က ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးပေါက်ပါတယ်။ နှစ်သင်းလုံးက ခံစစ်ကောင်းတဲ့အသင်းတွေဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာယူကာ ကစားကွက်နဲ့ ကစားတတ်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တာနဲ့အညီ တိုက်စစ်ဖွင့်ကစားလာဖို့ မရှိဘဲ အမှားစောင့်ပြီး ကစားလာနိုင်ပါတယ်။ တစ်သင်းသင်းဂိုးရသွားရင်လည်း ဂိုးရတဲ့အသင်းက ခံစစ်ကို အသေပိတ်ကစားပြီး အနိုင်ဂိုးကို ထိန်းကစားကြမဲ့ အသင်းတွေဖြစ်တာကြောင့် အပြန်အလှန်ဂိုးတွေ မြင်ရဖို့ ခက်ပါတယ်။ ဒီပွဲမှာ တစ်သင်းနဲ့တစ်သင်း ဘောလုံးကိုင်ရင်း အချိန်ကုန်ဖို့များသလို ကွင်းလယ်မှာတင် ဘောလုံးအပျက် များနေနိုင်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှုလေးပွဲလုံး ဂိုးအောက်ထားသလို တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲပြီးတာ ပိုများပါတယ်။ ဒီပွဲမှာလည်း ဂိုးအောက်ကိုသာ အကြိုက်တွေ့နေပြီး အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးရောက်ဖို့ မလွယ်သလို အများဆုံးတွေ့ရရင် နှစ်ဂိုးလောက်ဘဲလို့ ထင်ပါတယ်။ ဂိုးမရှိသရေနဲ့တောင် ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
