၂၄. ၁၀. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ KNU ၏ တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းအခြေစိုက်ရာ KK Park မှ လူအနည်းဆုံး ၁,၀၄၉ ဦးသည် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်သို့ ဝင်ရောက်လာခဲ့ကြသည်။
အဆိုပါ ထွက်ပြေးလာသူများထဲတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အမျိုးသား ၉၁၃ ဦးနှင့် အမျိုးသမီး ၁၃၆ ဦး ပါဝင်ပြီး၊ ၎င်းတို့အနက် အိန္ဒိယ ၃၉၉ ဦး၊ တရုတ် ၁၄၇ ဦး၊ ဗီယက်နမ် ၁၃၈ ဦး၊ အီသီယိုးပီးယား ၉၄ ဦး၊ ဖိလစ်ပိုင် ၆၆ ဦး၊ ပါကစ္စတန် ၄၃ ဦး၊ ထိုင်း ၃၁ ဦးနှင့် အင်ဒိုနီးရှား ၂၇ ဦး စသည့်နိုင်ငံတို့မှ အများဆုံး ပါဝင်သည်။

စစ်တပ်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များအရ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများအနက်၂ ဦးကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ၂၀၀ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ (Border Patrol Police Unit) ၃၄၆ တွင် ထိန်းသိမ်းထားကာ ၅၉၃ ဦးကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ရုံးတွင် ထားရှိပြီး ၂၅၄ ဦးကမူ ထားရှိမည့်နေရာသို့ ပို့ဆောင်နေဆဲဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးထိန်းသိမ်းထားသူအားလုံးသည် လူကုန်ကူးခံရသူ သို့မဟုတ် အနိုင်ကျင့်ခံရသူများအား ဖော်ထုတ်ရန်နှင့် ပြစ်မှုဆိုင်ရာ လုပ်ဆောင်မှုများတွင် ပါဝင်သူများ စသလို ခွဲထုတ်ရန် ရည်ရွယ်သည့် အမျိုးသား လွှဲပြောင်းပေးရေး ယန္တရား (National Referral Mechanism) လုပ်ငန်းစဉ်ကို ခံယူရမည်ဖြစ်သည်။

ဆက်စပ်ဖြစ်စဉ်အနေဖြင့်၊ တရုတ်နိုင်ငံသားများ ဖြစ်သည်ဟု ယူဆရသော ရုပ်အလောင်း ၂ လောင်းကို သာဆွန်းခရိုင်ခွဲ၊ ဘန်မဲဂူမိုင်နှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တွင် မျောပါနေသည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် အောက်တိုဘာ ၂၂ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း KK Park မှ ထွက်ပြေးခဲ့စဥ် ရေနစ်သေဆုံးခဲ့သူများ ဖြစ်နိုင်သည်ဟု ယူဆရသည်။
KK Park တွင် ပါဝင်လုပ်ကိုင်နေရာမှ တပ်မတော်က စီးနင်းထိန်းချုပ်မှုကြောင့် အဆိုပါ ဒုစရိုက်နေရာမီ လူအများအပြား ထိုင်းဘက်ထွက်ပြေးရာတွင် အချို့သောသူများသည် ရေပေါ်တွင်ပေါ်နိုင်သည့် အရာဝတ္ထုများကို အသုံးပြု၍ မြစ်ကိုဖြတ်ကူးကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်းလည်း သတင်းများက ဖော်ပြသည်။
Ref, Thai Enquirer
