၁၈. ၁၀. ၂၀၂၅
Written by MMAK
◾နော်တင်ဟန်ဖောရက် Vs ချဲလ်ဆီး
ဖောရက်အသင်းကို နည်းပြသစ် ပိုစတီဂလူးကိုင်တွယ်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံခုနစ်ပွဲ ကစားထားရာမှာ ငါးပွဲရှုံး နှစ်ပွဲသရေနဲ့ တစ်ပွဲမှ နိုင်ပွဲမရထားဘဲ ခြေစွမ်းပိုင်း ကျဆင်းနေပါတယ်။ ချဲလ်ဆီးကတော့ ခြေစွမ်းကျဆင်းနေတာမျိုးမဟုတ်ပေမဲ့ နည်းပြအပါအဝင် နောက်တန်းရော ကွင်းလယ်ရောမှာ ကစားသမားအများစု ဒဏ်ရာရနေပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ လူမစုံတဲ့ ချဲလ်ဆီးအသင်းက အဝးကွင်းကနေ ဒီကြေးပေးထားတာဟာ ပျော့တယ်လို့ မခံစားရသလို တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းမှာ အသာရထားတဲ့ ချဲလ်ဆီးအသင်း ဂိုးရဖို့များပါတယ်။ ဖောရက်အသင်းအနေနဲ့ကလည်း အိမ်ကွင်းပွဲမှာ တစ်ခုခုတော့ လုပ်ပြနိုင်ဖို့လိုအပ်နေပြီး ခံစစ်ပိုင်းစိတ်မချရတဲ့ ချဲလ်ဆီးအသင်းကို ဂိုးရနိုင်ဖို့များပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးဘော်ဒီကို အနည်းငယ်ကြိုက်ပေမဲ့ နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အခြေအနေကြောင့် ဂိုးပေါ်က ပိုစိတ်ချရမယ် ထင်ပါတယ်။ နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်လို့ ယူဆထားတာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ မန်စီးတီး Vs အဲဗာတန်
တိုက်စစ်မှူးဟာလန်းရဲ့ သွင်းဂိုးတွေကြောင့် နောက်ပိုင်းပွဲစဥ်တွေမှာ မန်စီးတီးအသင်း ရလဒ်တွေ ကောင်းလာပြီး ခြေစွမ်းတည်ငြိမ်စ ပြုလာပါတယ်။ အဲဗာတန်အသင်းကတော့ ခြေစွမ်းတည်ငြိမ်နေပြီး အနိုင်ရသင့်တဲ့အသင်းကို အနိုင်ရအောင် ကစားနိုင်သလို အသင်းကြီးတွေကိုလည်း ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုး မြင်တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက မမျှတဘဲ ဒီလိုကြေးတွေက အပေါ်စုံအောင်ဖို့ ခက်ခဲနိုင်ပြီး အနည်းဆုံးအနေနဲ့ အောက်ကြေးတစ်ခုတော့ ပြန်စားနိုင်ပါတယ်။ နှစ်သင်းလုံး ခုနစ်ပွဲကစားပြီးချိန်မှာ အဲဗာတန်ခံစစ်က ခုနစ်ဂိုးသာ ပေးခဲ့ရပြီး မန်စီးတီးခံစစ်ကတော့ ခြောက်ဂိုးသာ ပေးခဲ့ရပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ဂိုးရခဲ့ရင် တစ်ဂိုးသာရသွားနိုင်ပြီး ဒီထပ်ပိုပြီး မျှော်လင့်လို့မရသလို ဂိုးမရနိုင်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ကြေးပျော့နေသလို ချန်ပီယံလိဂ်ကစားဖို့ ရှိနေတဲ့ မန်စီးတီးအသင်းလည်း ဂိုးတွေအများကြီး သွင်းဖို့ထက် အနိုင်ဂိိုးကို ထိန်းချုပ်ကစားတာမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် လေးဂိုးရောက်ဖို့ ခက်ခဲနိုင်ပြီး အများဆုံးမြင်တွေ့ရရင် သုံးဂိုးလောက်ပဲလို့ ယူဆထားပါတယ်။ ဒီပွဲစဥ်မှာ အောက်ကြေးတစ်ခုကို ရွေးရမယ်ဆိုရင် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘရိုက်တန် Vs နယူးကာဆယ်
နယူးကာဆယ်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်အနည်းငယ်ကောင်းလာပြီး ခြေစွမ်းလည်း ကောင်းလာပါတယ်။ ဘရိုက်တန်အသင်းကတော့ ခြေစွမ်းပိုတည်ငြိမ်တယ်လို့ ပြောရမှာဖြစ်ပြီး မန်စီးတီးနဲ့ချဲလ်ဆီးကိုအနိုင်ရကာ စပါးအသင်းကို သရေကစားနိုင်ခဲ့တဲ့ ခြေစွမ်းက အထင်ကြီးစရာ ကောင်းပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ နယူးကာဆယ်က ဘရိုက်တန်နဲ့တွေ့ဆုံမှု နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲမရထားသလို ဒီပွဲမှာလည်း အထက်ကြေးအနည်းငယ်တောင် ပေးမထားနိုင်တဲ့အပြင် ပွဲချိန်နီးကပ်လာရင် ဘရိုက်တန်ကတောင် ကြေးကြောအနည်းငယ် ပြန်ပေးလာနိုင်ပါတယ်။ ဘရိုက်တန်ကွင်းမှာတော့ နယူးကာဆယ်အသင်း လွယ်လွယ်ကူကူနဲ့ နိုင်ပွဲရဖို့မလွယ်ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်ပါတယ်။ ဂိုးပေါင်းကြေးလည်း ပါးတာကြောင့် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အနိုင်ရစရာရှိရင် အိမ်ရှင်ဘရိုက်တန်က နိုင်သွားမယ်လို့ ယူဆထားတာကြောင့် ဘရိုက်တန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs ဘုန်းမောက်
ပြီးခဲ့တဲ့ပွဲစဥ်မှာ ပဲလေ့စ်အသင်းက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရသလို ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်ခဲ့ပြီ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းကလည်း ခြေစွမ်းကောင်းနေပြီး နောက်ဆုံး ငါးပွဲဆက် မရှုံးထားပါဘူး။ ဒီပွဲစဥ်မှာ ပဲလေ့စ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံမှု နောက်ဆုံးကိုးပွဲဆက် ဂိုးအောက်ဖြစ်ထားတဲ့အပြင် ပဲလေ့စ်ခံစစ်က ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းကြေးပေးသင့်တာက နှစ်လုံးခြောက်ဆယ်အရှုံးလောက်ဆို လုံလောက်ပြီလို့ ပြောလို့ရပေမဲ့ နှစ်လုံးအပြတ်ရှုံးထိ ပေးထားတာကြောင့် စဥ်းစားစရာ ဖြစ်ပါတယ်။ ဒီဂိုးပေါင်းကြေးအရ ဂိုးအောက်ကြိုက်တဲ့သူ များနိုင်သလို ဂိုးအောက်ပဲ နေမယ်လို့ စဥ်းစားထားခဲ့ပါတယ်။ သို့ပေမဲ့ ဂိုးပေါင်းကြေးအနည်းငယ် ပြင်းရှနေသလို နှစ်သင်းလုံး ဂိုးသွင်းနိုင်တဲ့ အသင်းတွေ ဖြစ်ပြီး တစ်သင်းသင်းဂိုးရခဲ့ရင် နောက်တစ်သင်းက ဂိုးရအောင် ပြန်သွင်းနိုင်တဲ့အချက်တွေကြောင့် ဒီပွဲမှာ ထိုးသားကြိုက်တဲ့ ဂိုးအောက်ကို ဆန့်ကျင်ထားပြီး ဂိုးပေါ်နေပါမယ်။

◾ဘန်လေ Vs လိဒ်
တန်းတက်နှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပြီး လိဒ်အသင်းက ခြေစွမ်းအနည်းငယ်ကောင်းပေမဲ့ ဘန်လေကတော့ ခြေစွမ်းညံ့နေပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးပြီး တစ်ပွဲသာ သရေရထားပါတယ်။ ဒီပွဲစဥ်မှာ လိဒ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံးပေါက်ပါတယ်။ နောက်ပိုင်းကျရင် လိဒ်နဲ့ဘန်လေဟာ တန်းဆင်းဇုန်ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပြီး ဘန်လေအသင်းအနေနဲ့ အိမ်ကွင်းပွဲဧဥ်မှာတောင် လိဒ်ကို ရှုံးခဲ့ရင် တန်းဆင်းဇုန်ထဲကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေပါလိမ့်မယ်။ အိမ်ရှင်ဘန်လေအနေနဲ့ လိဒ်လို ခြေစွမ်းသိပ်မကွာတဲ့ အသင်းကို အနိုင်မရရင်တောင် အနိမ့်ဆုံးအနေနဲ့ သရေတစ်မှတ်ရအောင်ကစားနိုင်ဖို့ လိုပါတယ်။ အိမ်ရှင်ဘန်လေအသင်း ကစားအားတင်လာနိုင်သလို ရလဒ်ကောင်းဖို့ ကြိုးစားလာနိုင်တာကြောင့် လိဒ်အသင်းအနေနဲ့ အနိုင်ရသွားမယ်လို့ မထင်ပါဘူး။ ဒီပွဲစဥ်မှာ ဘန်လေအသင်းရဲ့ ရုန်းအားကို မြင်တွေ့ရနိုင်သလို အိမ်ရှင်အောက်ကြေးနေရမဲ့ ဘန်လေကလွဲပြီး ရွေးစရာ မရှိပါဘူး။ လိဒ်အသင်းနိုင်သွားကာမှ နိုင်ရော ဒီအခြေအနေအရ အိမ်ရှင်ဘန်လေကို ရွေးပါမယ်။
◾ဆန်းဒါးလန်း Vs ဝုဗ်
ဝုဗ်အသင်းက ခုနစ်ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရထားဘဲ ငါးပွဲရှုံးနှစ်ပွဲသရေနဲ့ နှစ်မှတ်သာရထားပြီး ဇယားအောက်ဆုံးကို ရောက်နေပါတယ်။ ဆန်ဒါးလန်းက အိမ်ကွင်းသုံးပွဲကစားထားပြီးချိန်မှာ နှစ်ပွဲနိုင်တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိထားဘဲ တိုက်စစ်က ခြောက်ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ခံစစ်က နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒီပွဲစဥ်မှာ ဆန်းဒါးလန်းအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်သာ ပေးထားနိုင်ပြီး ဂိုးပေါင်းကြေး နှစ်လုံးနှစ်ဆယ်အရှုံးပေါက်ပါတယ်။ ဆန်းဒါးလန်းအသင်းက အိမ်ကွင်းအားပြုကစားတဲ့အသင်းမျိုးဖြစ်သလို အဆင့်ကိုးတောင် ရောက်နေတဲ့ အိမ်ရှင်အသင်းအနေနဲ့ ဇယားအောက်ဆုံးက ဝုဗ်ကို ဒီကြေးပေးတာဟာ အရမ်းကို ပျော့ပါတယ်။ ဆန်းဒါးလန်းအသင်းအနေနဲ့ အနိုင်ရမယ်ဆိုရင် ဘော်ဒီကြေးကို ပြားငါးဆယ်နဲ့အထက်ကို ပေးကိုးပေးရပါလိမ့်မယ်။ နောက်တစ်ချက်က ထိုးသားအတွေးအနေနဲ့ဆိုရင် ဆန်းဒါးလန်းအသင်း မရှုံးနိုင်ဘဲ အနိမ့်ဆုံးသရေကစားနိုင်တယ်လို့ တွေးကြမှာ ဖြစ်သလို သရေကျရင်တောင် ပြားနှစ်ဆယ်ဘဲ ဆုံးရှုံးမှာဖြစ်တာကြောင့် ထိုးသားတိုင်း ဆန်းဒါးလန်းကို နေကြမယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးအရတော့ ဆန်းဒါးလန်းအသင်း အနိုင်ရဖို့မလွယ်ဘဲ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်သလို ဝုဗ်အသင်းကို မရှုံးနိုင်ဘူးလို့ ယူဆတာကြောင့် ပေါက်ကြေးအရ ဝုဗ်အသင်းကို ရွေးပါမယ်။
◾ဖူဟမ် Vs အာဆင်နယ်
လန်ဒန်ဒါဘီပွဲဖြစ်သလို ဖူဟမ်အိမ်ကွင်းဖြစ်နေပေမဲ့ အာဆင်နယ်အသင်းကိုတော့ ရပ်တန်နိုင်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းက အရမ်းကိုကောင်းနေပြီး လီဗာပူးနဲ့ မန်စီးတီးထင်တောင် နှာတစ်ဖျားပိုသာနေတယ်လို့ ယူဆထားပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ အာဆင်နယ်ခံစစ်ကို ဖူဟမ်အသင်း ဂိုးရဖို့မလွယ်တာကြောင့် အာဆင်နယ်အသင်းသာ ဂိုးရသွားရင် ဖူဟမ်အသင်း ချေပဂိုးပြန်ရဖို့ ခက်ပါလိမ့်မယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားဖို့ရှိနေပြီး ကြေးအောင် မအောင်သာ ကြည့်ရမယ်လို့ ထင်ပါတယ်။ လက်ရှိခြေစွမ်းအရ အာဆင်နယ်ကို ဘက်ကန်ဖို့ဆိုတာ သိပ်မလုပ်ရဲသလို ဖျက်မြင်း အသင်းလို့ ပြောလို့ရတဲ့ ဖူဟမ်အသင်းအနေနဲ့ အာဆင်နယ်ကိုတော့ ဖျက်ဆီးပြနိုင်မယ် မထင်ပါဘူး။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရဆို အာဆင်နယ်အသင်း အနိုင်သေချာနေတာကြောင့် အာဆင်နယ်ဘော်ဒီကို ကြိုက်ပါတယ်။
