၁၈. ၁၀. ၂၀၂၅
Translated by Thettant
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မြောက်ဘက်ရှိ တာလာ့ခ်ပြည်နယ်အတွင်း စပါးခင်းတစ်ခုပေါ်သို့ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ စနေနေ့တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ အလွန်ပေါ့ပါးသော လေယာဉ် (Ultralight plane) ငယ်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ကွန်ဆက်စီပ်စီယွန်မြူနီစပယ်ဒေသရှိ ကျေးရွာတစ်ရွာ၌ ပျက်ကျသွားခြင်းမဖြစ်မီ တည်ငြိမ်မှုကင်းမဲ့စွာ ဝဲပျံနေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် လိုက်ပါလာသူ လေယာဉ်မှူး အမျိုးသား (၁၉ နှစ်) နှင့် ခရီးသည် အမျိုးသမီး (၁၈ နှစ်) အရွယ် လူငယ်နှစ်ဦးစလုံး ဒေသခံဆေးရုံတစ်ခုက ကုသပေးစဉ် သေဆုံးကြောင်း ကြေညာခဲ့သည် ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။
လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အာဏာပိုင်များက စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်။
Ref, Xinhua
