၁၄.၁၀.၂၀၂၅
Written By Thandar
Lavender Film Production ရဲ့ မတူညီတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ဟာသ ဒရာမာဇာတ်လမ်းပုံစံ “ခေတ်သစ်မဗျိုင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာကျင်းပခဲ့ပါတယ်။

“ဒီကားက မင်းသားရွေးရ တော်တော်လေးစဉ်းစားခဲ့ရတယ်။ အပြင်မှာ ဒီလိုပုံစံ ထိပ်နည်းနည်းပြောင်တဲ့ သူကလည်းမရှိတော့။ သေချာလေးမင်းသားကို ရွေးချယ်တိုင်ပင်ပြီး တူညီတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ဒရာမာလေးပါတယ်။ မတူညီတဲ့ဟာသတွေနဲ့အတူ ရယ်မောပျော်ရွှင်ရမယ့်ကားပါ”လို့ ဒါရိုက်တာ ရာဇဝင်ကိုက ပြောပါတယ်။
ဇာတ်လမ်း၊ ဇာတ်ညွှန်းမွမ်းမံ ကျူးလစ်မေ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ထက်ထက်ထွန်း၊ ဂျိုကာ၊ လင်းလင်း၊ ဆူး၊ တက္ကသိုလ်ဂွမ်းပုံ၊ ဂွမ်းပုံကြီး၊ သတ္တိ၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၊ နေထွဋ်၊ ရဲရင့်သော်၊ သွက်လက်၊ စူပါလင်း၊ တာတာ၊ သူဇာပွင့်၊ ဂျူးထက်ထက်အောင်စတဲ့ သူတွေပါဝင်ထားကြပါတယ်။

“နဖူးပြောင်ကြီးကာရိုက်တာက အရမ်းကိုပင်ပန်းပါတယ်။ နဂိုက ကျွန်တော်ကချောပေမယ့် ဒီလိုလူကြီးတစ်ယောက်လို ဖြစ်နေတယ်ဆိုရင် ဘယ်လိုခံစားရမလဲပေါ့။ ဒါရိုက်တာ ရာရာ@ရာဇဝင်ကိုကတော့ တစ်ချိန်လုံး သတ်နေရတာပါပဲ။ ဒီနဖူးပြောင်ကြီးကို ရဖို့အတွက် တစ်နေ့ကို ရှစ်နာရီလောက်ကြီး ခေါင်းပေါ်အုပ်ထားရတာမို့ အတော်လေး စိတ်ရှုပ်ခဲ့ရတာပေါ့”လို့ ကျော်ထက်အောင်က ပြောပါတယ်။
“ခေတ်သစ်မဗျိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့်အောက်တိုဘာလ ၁၇ရက်မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
