
၁၃.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ အချက် ၂၀ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံခဲ့ကြပြီးတဲ့နောက် ပထမအဆင့်သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမားစ်တို့က အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ အပြန်အလှန်ပြန်လွှတ်ပေးရေး သဘောတူခဲ့ရာမှာ အောက်တို ဘာလ ၁၃ ရက်မှာတော့ ဟားမားစ်တို့က ဖမ်းဆီးထားတဲ့ အစ္စရေးနိုင်ငံသား ၂၀ ဦးကို ပြန်လွှတ်ပေးခဲ့ပါ တယ်။

ဟားမားစ်တို့လက်မှာ ကျန်ရှိနေတဲ့ အစ္စရေးနိုင်ငံသား ၂၀ ဦးက အောက်တိုဘာလ ၁၃ ရက်၊ နံနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကတစ်ဆင့် အစ္စရေးလုံခြုံရေး တပ်ဖွဲ့ တွေလက်ထဲကို နံနက် ၉ နာရီ ၁၀ မိနစ်မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဓားစာခံတွေနဲ့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုများဖိုရမ်ကလည်း ဓားစာခံ ၂၀ ဦးစလုံး အစ္စရေးနိုင်ငံရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်ကို ပြန်လည်ရောက်ရှိခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ဓားစာခံတွေအနေနဲ့ ကျန်းမာရေးအခြေအနေ ပုံမှန်ရှိရင် သူတို့ကို ဆေးစစ်ဆေးမှုတွေအတွက် ဆေးရုံသုံးခုကိုပို့ပေးမှာဖြစ်ပြီး သူတို့ထဲက တစ်ဦးဦးကျန်းမာရေးအခြေအနေဆိုးဝါးရင် အစ္စရေးနိုင်ငံတွင်း ထိပ်တန်း ဆေးရုံကြီးတွေဖြစ်တဲ့ Soroka Medical Center ဒါမှမဟုတ် Barzilai Medical Center တို့ကို ရဟတ် ယာဉ်နဲ့ ပို့ပေးဖို့ ပြင်ဆင်ထားတာပါ။

သေဆုံးသွားတဲ့ ဓားစာခံတချို့ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၁၃ ရက်မှာပဲ ပြန်ပေးမယ်လို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက မျှော်လင့်ထားပေမယ့် အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျမသိရသေးဘဲ ရက်ပေါင်းများစွာ ဒါမှမဟုတ် ထို့ထက်ပိုကြာအောင် ထုတ်ယူရမယ့် လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအတွက် ပြင်ဆင်ထားပါတယ်။
လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဓားစာခံတွေရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို မည်သူမည်ဝါ လို့ဖော်ထုတ်ခြင်းလည်း ပါဝင်မှာဖြစ်ပါတယ်။

ICRC က အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း လုံခြုံရေးအကျဉ်းသား ၂,၀၀၀ ခန့်ကို ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းဒေသတို့အပြင် ကာတာနဲ့ တူရကီတို့လို အစ္စရေးနိုင်ငံပြင်ပရှိ နေရာများကို လွှဲပြောင်းပေးမယ်လို့လည်း သိရပါတယ်။
Ref- The Jerusalem Post
