၁၁.၁၀.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ ယနေ့ အောက်တိုဘာ ၁၁ ရက် စေ့စပ်ကြောင်းလမ်းပွဲမှာ သိန်းပေါင်း သုံးသောင်းတန် စိန်နဲ့ မြ စီခြယ်ထားတဲ့ ရတနာတွေဝတ်ဆင် ပွဲထွက်ခဲ့တာ တွေ့မြင်ရပါတယ်။





“၁၁.၁၀.၂၀၂၅ စေ့စပ်ကြောင်းလမ်းမင်္ဂလာနေ့ အမှတ်တရနေ့ရက်လေး”လို့ သရုပ်ဆောင် စိုးပြည့်သဇင်က ပြောပါတယ်။
သူတို့ ချစ်သူစုံတွဲကို စိန်နန်းတော်က 2026 Wedding Season Jewelry Collection ပွဲဦးထွက်အနေနဲ့ ပထမတန်းစား Belgium Cutting စိန်နဲ့ Columbian Emerald တစ်ဆင်ဆာကို မင်္ဂလာမောင်နှံအတွက် အလှပဆုံးဆင်မြန်းပေးထားတယ်လို့ သိရပါတယ်။
ယနေ့ စေ့စပ်ပွဲ ဝတ်စုံလေးကို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က ဖန်တီးပေးထားပြီး Makeup Artist အမရာလင်းက လိမ်းခြယ်ပေးထားတယ်လို့ သိရပါတယ်။
#ဟိန်းဝေယံ #စိုးပြည့်သဇင် #HeinWaiYan #SoePyaeThazin #Engagement
#စေ့စပ်ပွဲ #Jewelryစိန်နန်းတော်








