
၄. ၁၀. ၂၀၂၅
Written by MMAK
◾ လိဒ် Vs စပါး
လိဒ်အသင်းက အိမ်ကွင်းရှုံးပွဲ မရှိသေးသလို စပါးအသင်းကလည်း အဝေးကွင်းရှုံးပွဲ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်ငါးက စပါးအသင်းက တန်းတက်လိဒ်ကို ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးလောက်ဘဲ ပေးထားတာဟာ အရမ်းကို ပျော့နေပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးပေါက်ပါတယ်။ စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေများပြားနေတဲ့အချက်နဲ့ ပွဲတွေဆက်တိုက်ကစားထားရသလို ကြားရက်မှာ နော်ဝေနိုင်ငံထိသွားပြီး ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရတဲ့ အချက်ကြောင့် ကစားသမားတွေ သေချာပေါက် ပွဲပန်းနေကြပါတယ်။ အစားထိုးစရာ ကစားသမားတွေ မရှိဘဲ ဒီလူတွေနဲ့ ပွဲတွေဆက်တိုက် ကစားထားရသလို ပွဲပန်းနေတဲ့ ကစားသမားတွေကြောင့် လိဒ်ကွင်းမှာ သေချာပေါက် ရုန်းကန်ရပါလိမ့်မယ်။ ပြားနှစ်ဆယ်သာ ပေးထားနိုင်တဲ့ စပါးအသင်းအနေနဲ့ သရေကျရင်ကို ကျေနပ်ရမှာဖြစ်ပြီး အနိုင်ရသွားဖို့ ခက်ပါတယ်။ အိမ်ရှင်လိဒ်အသင်း မရှုံးနိုင်ဘဲ သရေနဲ့ အနိုင်တစ်ခုခု ရသွားနိုင်ပြီး လိဒ်အသင်း နိုင်သွားမယ်ဆိုရင် အံ့သြစရာတော့ မရှိပါဘူး။ အနိမ့်ဆုံးအနေနဲ့ သရေကစားနိုင်တဲ့ အောက်အသင်း လိဒ်ကို ကြိုက်ပါတယ်။
◾မန်ယူ Vs ဆန်းဒါးလန်း
တန်းတက်လာတဲ့ ဆန်းဒါးလန်းအသင်းက အဆင့်ခြောက်တောင် ရောက်ရှိနေပြီး နောက်ဆုံးလေးပွဲဆက် မရှုံးထားဘဲ ခြေစွမ်းကောင်းနေပါတယ်။ မန်ယူကတော့ ပုံမှန်ခြေစွမ်း မရသေးဘဲ ရုန်းကန်နေရဆဲ အခြေအနေမှာဘဲ ရှိပါသေးတယ်။ ဒီပွဲစဥ်မှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ မန်ယူအသင်းရဲ့ ပေါက်ကြေးက မှန်ကန်မှု ရှိတယ်လို့ ပြောလို့ရတဲ့အပြင် ပြားနှစ်ဆယ်လောက်တောင် ပြင်းရှနေတယ်လို့ ထင်ပါတယ်။ မန်ယူအသင်းက တန်းတက်ဘန်လေကို တစ်လုံးငါးဆယ်အရှုံး ပေးခဲ့တာကြောင့် ခြေစွမ်းပိုကောင်းတဲ့ ဆန်းဒါးလန်းကို တစ်လုံးတစ်ဆယ်စားလောက်ထိ ပေးရင်ကို မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒီပေါက်ကြေးအရ မန််ယူအသင်း အနိုင်ရသွားနိုင်ပြီး ခြေစွမ်းကောင်းနေတဲ့ ဆန်းဒါးလန်းအသင်းကိုလည်း ရှုံးပွဲတွေ့စေချင်တာကြောင့် ဒီပွဲမှာ အိမ်ရှင်မန်ယူအသင်း တစ်ဂိုးတော့ နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဆယ်ပြားရင်းပြီး မန်ယူဘော်ဒီကို နေထိုင်သင့်ပါတယ်။

◾အာဆင်နယ် Vs ဝက်စ်ဟမ်း
လန်ဒန်ဒါဘီပွဲဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက နည်းပြသစ်နူနိုဆန်းတို့စ်ရဲ့ ပထမဆုံးပွဲမှာ အဲဗာတန်နဲ့ သရေကျခဲ့ပြီး ရလဒ်ကောင်းခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းကတော့ အရမ်းကိုကောင်းနေသလို ဒီပွဲမှာလည်း ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတတဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ခက်ပါတယ်။
အာဆင်နယ်ခံစစ်က အရမ်းကောင်းနေတာကြောင့် ဝက်စ်ဟမ်းအသင်း ဂိုးရဖို့ ခက်ခဲနိုင်ပြီး ဝက်စ်ဟမ်းနည်းပြကလည်း ခံစစ်ကို အခိုင်အမာတည်ဆောက်ပြီး ကစားတတ်တာကြောင့် အာဆင်နယ်အသင်းလည်း ဂိုးအများကြီးရဖို့ ခက်ပါတယ်။ ကြားရက်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ အိုလံပီယာကော့စ်ပွဲမှာလည်း ဒီလိုကြေးတန်းပေါက်ခဲ့ပြီး အာဆင်နယ်အသင်းက နှစ်ဂိုးပြတ်အနိုင်ရကာ အိုလံပီကော့စ် ဂိုးမရခဲ့တာကြောင့် ဂိုးအောက်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ဝက်စ်ဟမ်းအသင်း ဂိုးရဖို့မလွယ်ဘဲ အာဆင်နယ်တစ်သင်းတည်းကလည်း လေးဂိုးလောက်ထိ မသွင်းနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ချဲလ်ဆီး Vs လီဗာပူး
ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးထားပြီး လီဗာပူးအသင်းကလည်း နောက်ဆုံးနှစ်ပွဲဆက် ရှုံးထားပါတယ်။ လီဗာပူးအသင်းရဲ့ ခံစစ်က နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ဆိုးရွားနေပြီး တိုက်စစ်ပိုင်းကလည်း ခံစစ်ပိတ်ကစားတဲ့အသင်းတွေဆို ဂိုးရဖို့ ခက်နေတတ်ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးပေါက်ပါတယ်။ နှစ်ပွဲဆက်ရှုံးထားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီအိမ်ကွင်းပွဲမှာ ထပ်မရှုံးအောင် ပြင်ဆင်လာနိုင်ပြီး လီဗာပူးအသင်းရဲ့ ခြေစွမ်းကလည်း အကျဘက်ရောက်နေတာကြောင့် ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်း မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ ဂိုးပေါင်းကြေး ပြင်းရှနေတာတွေ့ရပြီး ရှုံးပွဲဆက်နေတဲ့ နှစ်သင်း အရှုံးအနိုင် အဖြေပေါ်အောင် ကစားနိုင်သလို နှစ်သင်းလုံး ခံစစ်ညံ့တဲ့အတွက် ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်း အနိုင်ရသွားမျိုးဖြစ်နိုင်သလို ဂိုးပေါ်သွားလည်း ဖြစ်သွားနိုင်တာကြောင့် ချဲလ်ဆီးဘော်ဒီနဲ့ ဂိုးပေါ်ကြိုက်ပါတယ်။

◾အင်တာ Vs ခရိုမိုစီနီ
တန်းတက်အသင်း ခရိုမိုစီနီက ငါးပွဲကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိသေးဘဲ နှစ်ပွဲနိုင်ထားပြီး သုံးပွဲသရေဖြစ်ထားပါတယ်။ အင်တာမီလန်လို အသင်းတောင် နှစ်ပွဲရှုံးထားတာကြောင့် ခရိုမိုစီနီရဲ့ ခြေစွမ်းကိုအသိအမှတ်ပြုရမှာ ဖြစ်ပြီး အဆင့်ခုနစ်တောင် ရောက်နေပါတယ်။ ဒီပွဲမှာ အိမ်ရှင်အင်တာက ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ အင်တာမီလန်က ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရသလို တိုက်စစ်မှူးသူရမ်လည်း မပါနိုင်တဲ့ အခြေအနေမှာ ခရိုမိုစီနီကို ဒီကြေးပေးတာ အရမ်းပြင်းပါတယ်။ အင်တာဟာ တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ ဆက်ဆူအိုလိုကို အိမ်ကွင်းပွဲဖြစ်ခဲ့တာတောင် ဘော်ဒီကြေးကို တစ်လုံးအရှုံးပဲ ပေးခဲ့ပြီး ဆက်ဆူအိုလိုထက် ခြေစွမ်းပိုကောင်းတဲ့ ခရိုမိုစီနီကို ဘော်ဒီကြေးနှစ်လုံးနှစ်ဆယ်စား ပေးထားတာကြောင့် ဒီကြေးဟာ ပြားခုနစ်ဆယ်လောက် သိသိသာသာ မြင့်မားနေတာကို တွေ့ရပါတယ်။ အဆင့်ရပ်တည်မှုအရ ကြည့်မယ်ဆိုရင်လည်း အင်တာက အဆင့်ငါးဖြစ်ပြီး ခရိုမိုစီနီက အဆင့်ခုနစ်မှာ ရပ်တည်နေတာကြောင့် အဆင့်ကွာခြားမှု နှစ်ဆင့်ပဲရှိတယ်လို့ ပြောရမဲ့ အခြေအနေမှာ ဘော်ဒီကြေးဟာ အရမ်းပြင်းနေပါတယ်။ ဒီကြေးဟာ အင်တာအသင်း အနိမ့်ဆုံးနှစ်ဂိုးအသာနဲ့ နိုင်မဲ့ကြေးလို့ ပြောလို့ရသလို ခရိုစီနီအသင်းလည်း ရှုံးချိန်တန်နေပြီလို့ ထင်ပါတယ်။ ဒီညအတွက် အကြိုက်ဆုံး ဘော်ဒီပွဲဖြစ်ပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ အနေအထားမှာ ဂိုးပေါ်ပါ ထပ်နေချင်တာကြောင့် အင်တာဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
◾လာဇီယို Vs တိုရီနို
လာဇီယို ငါးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင်သုံးပွဲရှုံးနဲ့ ခြောက်မှတ်သာ ရထားပြီး တိုရီနိုက တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံးနဲ့ လေးမှတ်ပဲ ရထားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်လာဇီယိုက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ စတည်ကြေးမှာ လာဇီယိုက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေါက်နေပေမဲ့ လက်ရှိအချိန်မှာ တစ်လုံးကိုးဆယ်စားအထိ ကြေးကျလာပါတယ်။ လာဇီယိုက အသင်းကြီးဖြစ်ပြီး ဥရောပပွဲတွေလည်း ကစားစရာ မရှိတဲ့အပြင် ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ရိုးမားကို ရှုံးခဲ့ပါတယ်။ နောက်ပွဲကလည်း အတ္တလန်တာနဲ့ ဂျူဗင်တပ်တို့လို့ အသင်းကြီးတွေနဲ့ ကစားရမဲ့အချိန်မှာ ဒီကြေးပေးတာဟာ အရမ်းပျော့ပါတယ်။ တိုရီနိုက အရင်ရာသီလိုမဟုတ်ဘဲ ခြေစွမ်းအရမ်းကျနေပြီး တိုက်စစ်ကလည်း နှစ်ဂိုးပဲ ရထားတာပါ။ လက်ရှိ တိုရီနိုနည်းပြဘာရိုနီက အရင်ရာသီမှာ လာဇီယိုနည်းပြ ဖြစ်ခဲ့ပြီး အသင်းပိုင်ရှင်တွေနဲ့ စကားများခဲ့တာကြောင့် လာဇီယိုက ထွက်ခွာပြီး တိုရီနိုနည်းပြ ဖြစ်လာပါတယ်။ ဒီပွဲမှာ နည်းပြဘာရိုနီကလည်း တစ်ခုခုလုပ်ပြမယ်လို့ ထင်သလို လာဇီယိုရဲ့ပေါက်ကြေးကလည်း နိုင်ကြေးမဟုတ်ပါဘူး။ ဒီပေါက်ကြေးမှာ သရေတစ်ပေါက် ရှိနေတာကြောင့် အောက်အသင်း တိုရီနိုကို ကြိုက်ပါတယ်။
