၄.၁၀.၂၀၂၅
Written By Thandar
လက်ဝတ်ရတနာကြိုက်နှစ်သက်သူတွေအတွက် Royal CUEEN Gems & Jewellery ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ အမှတ် (၁၅၆)မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“စိုးပြည့်တို့ ဒီနေ့က ဗိုလ်ချုပ်ဈေးမှာရှိတဲ့ Royal Cueen ဆိုင်က လက်ဝတ်ရတနာတွေ သဘောကျပါတယ်။ ပတ္တမြားတွေ၊ မြတွေ၊ နီလာတွေလည်းရှိတယ်။ တကယ်ကို Quality လည်းကောင်းတယ်။ တချို့က ရတနာတွေပေး ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ခတ်လုပ်ကြတာရှိတာရှိတယ်။ ကျောက်မြတ်ရတနာအစုံ ခတ်လုပ်ပြီးသား ဝယ်ချင်လည်းရတာမို့ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ မင်းသား ဟိန်းဝေယံ၊ မင်းသမီး အကယ်ဒမီ စိုးပြည့်သဇင်တို့နဲ့ မော်ဒယ်လ်သရုပ်ဆောင်တွေက တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
#HeinWaiYan #SoePyaeThazin
#MyanmarActress #MyanmarActor
#GEMSandJEWELLERY
#RoyalCueenGrandOpening








