နေမိုး
၄. ၁၀. ၂၀၂၅
မြင်းခြံမြို့နယ်တွင် ရဟန်းနှစ်ပါးနှင့် အမျိုးသားကြီးတစ်ဦးကို တပ်မတော်နှင့် အဆက်အသွယ်ရှိသည်ဟု မြင်းခြံ PDF များက စွပ်စွဲကာ ဓားဖြင့်ခုတ်သတ်၍ တစ်ပါးပျံလွန်ကာ ရဟန်းတစ်ပါးနှင့် တစ်ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာရှိ ကန်ဦးဘုန်းကြီးကျောင်း၌ ဆရာတော် ဥူးတိဿ သက်တော်(၃၅)နှစ်၊ ဝါတော်(၁၅)ဝါ၊ ဥူးစန္ဒိမာ သက်တော်(၃၆)နှစ်၊ ဝါတော်(၂)ဝါနှင့် ကွမ်းစိုက်ကျေးရွာနေ ဦးမြင့်စိန်(၅၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “တပ်မတော်/ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိသည်” ဟုပြောဆိုကာ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သွားခဲ့သဖြင့် ဆရာတော် ဥူးတိဿတွင် ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲပေါင်/ဝဲခြေသလုံးပြတ်ရှ ဒဏ်ရာ နှစ်ချက်တို့ ရရှိကာ ပျံလွန်တော်မူ သွားခဲ့ပြီး ဥူးစန္ဒိမာတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဦးမြင့်စိန်တွင် ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
