၂၉.၉.၂၀၂၅
Written By Thandar
ထိုင်းနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် Miss Grand International 2025 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ အလှမယ် JK Sophia က ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ၂၀၂၅ ခုနှစ်ရဲ့ Miss Grand Myanmar အလှမယ် JK Sophia ရဲ့ စပြီး ပွဲဦးထွက်သွားပြိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်သွားမှာပါ။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက အဖိုးတန်ရတနာတွေ၊ မြန်မာ့အဖိုးတန်ပန်းတွေ၊ ရာသီပေါ်တန်ဖိုးရှိတဲ့ ပန်းတွေကို ကိုယ်စားပြုဝတ်ဆင်သွားမှာပါ။ ပုလဲရယ်၊ အဓိပ္ပါယ်ရှိတဲ့ ကံ့ကော်ပန်းကို ကိုယ်စားပြု စတင်ထွက်ခွာတာပါ။ ရှေ့က ကြိုးစားသွားကြသူတွေကို ကျေးဇူးတင်တယ်။ သူတို့ကြောင့် အများကြီးအားဖြစ်ရတာ။ JK အပေါ် အများကြီး Effective ဖြစ်စေတာပေါ့နော်”လို့ မရမ်ဆိုင်းနော် (National Director)က ပြောပါတယ်။


အဆိုပါ ပြိုင်ပွဲမှာတော့ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ ဗီယက်နမ်၊ ထိုင်း၊ Venezuela၊ ထိုင်းဝမ်၊ UK၊ ပီရူး၊ USA၊ စပိန်၊ Angola ၊ Cuba၊ ဘရာဇီး၊ အင်ဒိုးနီးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က နိုင်ငံကိုယ်စားပြု အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြု JK Sophia က ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။
အလှမယ် JK Sophia က Designer အယောက် ၂၀ ရဲ့ ဝတ်စုံ ၄၀ ကျော်နဲ့ မြန်မာနိုင်ငံက တွင်းထွက်အဖိုးတန် ကျောက်မြတ်ရတနာတွေ၊ ရာသီအလိုက် အဖိုးတန်တဲ့ ပန်းပေါင်းစုံတွေကို ကိုယ်စားပြု ဝတ်ဆင်ဖော်ပြပြီး အကောင်းဆုံးချပြသွားမယ်လို့ သိရပါတယ်။


“ခုလို JK ကို စောစောစီးစီးလိုက်လံပို့ဆောင် ကြိုဆိုပေးကြလို့ အရမ်းလည်းဝမ်းသာ စိတ်လှုပ်ရှားမိပါတယ်။ International ရဲ့ ပထမဦးဆုံး စတိတ်ပေါ်အတွက် စထွက်တာလည်းဖြစ်လို့ အများကြီး ကြိုးစားသွားမှာပါ။ အကောင်းဆုံးဖြစ်အောင်တော့ JK က ကြိုးစားသွားမှာပါ။ ကိုယ်တိုင်အာမခံနိုင်တဲ့ အဖြေလေးပါ။ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ အလှမယ် JK Sophia (Miss Grand Myanmar 2025) က ပြောပါတယ်။
