၂၅.၉.၂၀၂၅
Written By Thandar
စတီရီယိုခေတ်ဦးအဆိုတော် တေးသံရှင် ဗစ်တာခင်ညိုရဲ့ ဈာပနကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
“ဗစ်တာခင်ညိုက အရင်ကတော့ နှလုံးနဲ့ပတ်သက်ပြီး အောင့်တာတွေ ဘာတွေရှိတယ်။ ဆုံးတာကတော့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ တကယ့်ကို တန်ဖိုးရှိတဲ့သူတစ်ယောက် ဆုံးရှုံးသွားတာ နှမြောမိတယ်။ မနက်ဖြန်တော့ နာရေးလုပ်သွားမှာပါ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အသက် ၈၀ အရွယ်တေးသံရှင် ဗစ်တာခင်ညို@ဦးသိန်းထွန်းဟာ စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာ“နွေ”၊ “ဒီဇင်ဘာ မနက်ခင်း” အပါအဝင် မြန်မာပရိသတ်ကြား ရေပန်းစားတဲ့ တေးသီချင်းပေါင်းများစွာက သီဆိုခဲ့သူလည်းဖြစ်ပါတယ်။
စတီရီယိုအဆိုတော်ကြီး ဗစ်တာခင်ညိုကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရှိ နေအိမ်ကနေ စက်တင်ဘာ ၂၇ ရက် နေ့လည် ၁ နာရီခွဲမှာ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။
#ဗစ်တာခင်ညို #VictorKhinNyo
#RIP #MyanmarSinger #ခေတ်ဦးအဆိုတော် #KhinNyo




