၂၆.၉.၂၀၂၅
Written By Min Thet
MNDAA ထိန်းချုပ်ထားသည့် သိန္နီတွင် အဓမ္မပြုကျင့်သည့် ရာဇဝတ်မှု ကျူးလွန်ထားသော တရုတ်နိုင်ငံသား ၃ ဦး၊ မြန်မာ ၄ ဦး စုစုပေါင်း ၇ ဦးကို MNDAA က ယနေ့ အများရှေ့တွင် သေဒဏ်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းက အဆိုပါ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြသည့် တရုတ်လူမျိုး ၃ ဦး၊ ခိုးမှု၊ လုယက်၊ လူသတ်မှုများကျူးလွန်ခဲ့ကြသည့် မြန်မာ ၄ ဦးတို့ကို မြို့ဈေးအနီးတွင် သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ယင်းသေဒဏ်စီရင်သည့်အခမ်းအနားကို ဒေသခံ ရာနှင့်ချီ၍ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နယ်မြေလုယက်ထိန်းချုပ်နိုင်မှုများ လုပ်ကိုင်နိုင်ခဲ့ပြီးနောက် MNDAA သည် ယင်းထိန်းလျုပ်ရာဒေသများတွင် မကြာခဏ လူမြင်ကွင်း သေဒဏ်ပေးနေခဲ့သလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာနှင့် ယခုနှစ်ဧပြီကလည်း လူ ၁၁ ဦးထက်မနည်း သေဒဏ်ပေးခဲ့ကာ အဆိုပါ တရားလက်လွတ် စီရင်သတ်ဖြတ်မှုများကိုမူ ပြည်တွင်းပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများက ဝေဖန်ထောက်ပြရဲမှု မရှိချေ။


