၁၇. ၉. ၂၀၂၅
Written by Mmak
◾ လီဗာပူး Vs အသလက်တီကို
အသလက်တီကိုဆိုတာ ဘာစီလိုနာနဲ့ ရီးရဲတို့ကိုတောင် ကောင်းကောင်းယှဥ်ကစားနိုင်ပြီး အသင်းကြီးတစ်သင်းလို့တောင် ပြောလို့ရပါတယ်။ အဲဒီအချိန်မှာ လီဗာပူးအသင်းပေးထားတဲ့ ဘော်ဒီကြေး တစ်လုံး တစ်ဆယ်အရှုံးဆိုတာက အနည်းငယ်ပြင်းနေပြီး ဂိုးပေါင်းကြေးကတော့ သုံးလုံးသုံးဆယ်စား ပေါက်နေတာ တွေ့ရပါတယ်။ လီဗာပူးနဲ့ တီကိုတို့ ချန်ပီယံလိဂ်မှာ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ လီဗာပူးအသင်းပေးလာတဲ့ ဘော်ဒီကြေးက အပြင်းဆုံးလို့ ပြောလို့ရပါတယ်။ ဘာကြောင့် ဘော်ဒီကြေးအနည်းငယ်ပြင်းရှနေလဲဆိုရင် တီကို ခြေစွမ်းအနည်းငယ် ကျဆင်းနေတာနဲ့ အယ်ဗာရက်၊ ဘီနာ၊ ကာဒိုဆို၊ ဂျင်မီနက်နဲ့ အယ်မာဒါတို့လို့ အဓိက ကစားသမားတွေ မပါနိုင်တာကြောင့် ဖြစ်မယ်ထင်ပါတယ်။ လီဗာပူးမှာ အဓိက ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ပြီး တိုက်စစ်မှူးသစ် အီဆတ်တောင် အရန်ကစားသမားအဖြစ် ပါဝင်နိုင်တာကြောင့် အန်းဖီးလ်ကွင်းမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ နိုင်သွားမဲ့ သဘောမှာရှိပါတယ်။ ပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရဆို လီဗာပူးအသင်း အနိုင်သေချာနေပြီး ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တာကြောင့် လီဗာပူးအသင်းကိုပဲ ကြိုက်ပါတယ်။

◾ ဘိုင်ယန်မြူးနစ် Vs ချဲလ်ဆီး
ကမ္ဘာ့ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုးလ်ပါးမား အကြောင်းကို ဘိုင်ယန်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင် ကမ်းမရစ်တို့က သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေး ပြောကြားထားပါတယ် ။ နှစ်သင်းလုံးက အနိုင်ရအောင်ကစားမယ် ဘယ်လိုနည်းနဲ့ ကစားမယ်ဆိုတဲ့ အချက်တွေနဲ့ နှစ်သင်းကြားမှာ တော်တော်လေး တင်းမာနေတဲ့ ပုံစံမျိုး မြင်တွေ့နေရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘိုင်ယန်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဘိုင်ယန်အသင်းက ဘွန်ဒစ်က်လီဂါ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲလုံး အနိုင်ရထားပြီး တိုက်စစ်က ဆယ့်လေးဂိုးတောင် သွင်းထားပါတယ်။ ချဲလ်ဆီးကလည်း လေးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင် နှစ်ပွဲသရေကျထားပြီး ကိုးဂိုးသွင်းထားပါတယ်။ စဥ်းစားတစ်ခု ရှိတာက ဘိုင်ယန်အသင်းက ဘွန်ဒစ်က်လီဂါမှာသာ အရမ်းကြမ်းနေတတ်ပြီး ဥရောပပွဲတွေမှာဆို အနည်းငယ်တွန့်ဆုတ်နေတာမျိုး မြင်တွေ့ရတတ်ပါတယ်။ နောက်တစ်ချက်က ဘော်ဒီကြေးအနည်းငယ် ပျော့နေတယ်လို့ ယူဆထားပြီး ဂိုးပေါင်းကြေးကတော့ အနည်းငယ် ပြင်းရှနေတာ တွေ့ရပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တဲ့ ဒီပွဲစဥ်မှာ နှစ်သင်းလုံး ဂိုးရနိုင်ပြီး အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ် ကြိုက်ပါတယ်။

◾ အေဂျက် Vs အင်တာ
နယ်သာလန်ကလပ် အေဂျက်ဆိုတာကလည်း ချန်ပီယံလိဂ် သမ္ဘာရင့်အသင်းတစ်သင်းဖြစ်ပြီး အသင်းကောင်းတစ်သင်းလည်း ဖြစ်ပါတယ်။ အင်တာမီလန်ကလည်း ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်ခဲ့တာတာကြောင့် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ရဦးမှာပါ။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အင်တာအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ် ပြင်းရှနေသလို ဂိုးပေါင်းကြေး သုံးလုံးသရေကလည်း အနည်းငယ် ပြင်းရှနေပါတယ်။ ဒီပေါက်ကြေးအရ အင်တာမီလန်အသင်း သေချာပေါက် ဂိုးရဖို့ရှိနေပြီး တစ်ဂိုးထက်လည်း ပိုရသွားနိုင်ပါတယ်။ အေဂျက်အသင်းကလည်း တိုက်စစ်ကောင်းပေမဲ့ အင်တာမီလန်ခံစစ်ကို နှစ်ဂိုးရဖို့မလွယ်ဘဲ အင်တာသာ နှစ်ဂိုးသွင်းနိုင်ခဲ့ရင် သေချာပေါက် အင်တာမီလန် နိုင်သွားပါလိမ့်မယ်။ ဒီအတွက်ကြောင့် အင်တာမီလန် ဘော်ဒီတစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ PSG Vs အတ္တလန်တာ
PSG နဲ့ အတ္တလန်တာက အရင်ရာသီကလည်း အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး အဝေးကွင်းမှာ PSG အသင်းက သရေအရှုံးပေးခဲ့တာကြောင့် ဒီပွဲစဥ်မှာ PSG အသင်းအနေနဲ့ တစ်လုံးစားပေးရမှာဖြစ်ပေမဲ့ တစ်လုံးငါးဆယ်အရှုံးထိ ပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးတစ်ဆယ်အရှုံးပေါက်ပါတယ်။ လက်ရှိအချိန်မှာ PSG အသင်းရဲ့ ခြေစွမ်းက အရမ်းကောင်းနေတာကြောင့် ဒီကြေးပေါက်နေတာ လက်ခံလို့ရပေမဲ့ ဒမ်ဘီလီနဲ့ ဒူအီတို့ မပါနိုင်တာတောင် ကြေးပြင်းနေတာက သိသာပါတယ်။ အတ္တလန်တာအနေနဲ့ PSG ကွင်းမှာ ခံစစ်ပိတ်ကစားလာရင်လည်း ဂိုးပေးရမှာချင်းအတူတူ တစ်ဂိုးတော့ ပြန်ရအောင် သွင်းနိုင်မယ်လို့ ထင်ပါတယ်။ PSG အသင်းဆီကနေလည်း အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးလောက်ထိ မျှောင့်လင့်လို့ရတာကြောင့် နှစ်သင်းပေါင်း သုံးဂိုးရောက်သွားနိုင်ပြီး ဂိုးပေါ်ရွေးတာ ပိုစိတ်ချရမယ်လို့ ထင်ပါတယ်။ PSG ဘော်ဒီထက် နှစ်သင်းပေါင်း သုံးဂိုးရောက်ရင် ပြားအနည်းငယ်သာ ရှုံးနိမ့်မှာ ဖြစ်တာကြောင့် ပြားတစ်ဆယ်ရင်းပြီး ဂိုးပေါ်တစ်မျိုးတည်းကို နေထိုင်သင့်ပါတယ်။

◾ အိုလံပီယာကော့စ် Vs ပါဖို့စ်
မနေ့ညမှာ ချန်ပီယံလိဂ် မျက်နှာသစ်အသင်းတွေ ဖြစ်တဲ့ ယူနီယံနဲ့ ကွာရာဘတ်တို့ဟာ အသင်းကြီးတွေကို နိုင်ပွဲရသွားပြီး မထင်မှတ်တာတွေ လုပ်ပြသွားပါတယ်။ ဒီနေ့ပွဲမှာရော ပါဖို့စ်အနေနဲ့ အိုလံပီယာကော့စ်ကို မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဆိုက်ပရပ်အခြေစိုက် ပါဖို့စ်အသင်းဟာ အသင်းတည်ထောင်တာ ဆယ်နှစ်ဝန်းကျင်သာ ရှိသေးတာ ဖြစ်ပေမဲ့ ခြေစစ်ပွဲအဆင့်မှာ သူတို့ထက်မြင့်တဲ့ အသင်း သုံးသင်းလောက်ကို ဖြတ်ကျော်လာတာ ဖြစ်ပါတယ်။ ဂရိကလပ် အိုလံပီယာကော့စ်အသင်းဟာ ချန်ပီယံလိဂ်မှာ နှစ်တိုင်းလိုလို ကစားခွင့်ရခဲ့ပြီး ပိုဒန့် ၊ တာရေမီ ၊ ကာဘယ်လာနဲ့ ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်အိုလံပီယာကော့စ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ပါဖို့စ်အသင်းရဲ့ ပွဲစဥ်တွေကို ကြည့်ရှူရာမှာ ရဲရဲတင်းတင်း ကစားတတ်တာမျိုး တွေ့ရသလို ပွဲချဥ်းကပ်ပုံလည်း ကောင်းမွန်ပါတယ်။ ဂိုးပေါင်းကြေးနဲ့ ဘော်ဒီကြေး မမျှတတဲ့ ဒီပွဲမှာ ပါဖို့စ်အသင်းသာ တစ်ဂိုးရသွားရင် အိုလံပီယာကော့စ်အနေနဲ့ ကြေးအောင်သွားဖို့ ခက်တာကြောင့် အောက်အသင်း ပါဖို့စ်ကို ကြိုက်ပါတယ်။
◾စလားဗီးယားပရဂ် Vs ဘိုဒိုဂလင့်
နှစ်သင်းလုံးက ချန်ပီယံလိဂ် အတွေ့အကြုံရှိတဲ့ အသင်းတွေဖြစ်ပြီး သက်ဆိုင်ရာလိဂ်တွေမှာ တော်တော်လေး ကောင်းကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ စလားဗီးယားပရဂ်က အမှတ်ပေးလိဂ်မှာ ရှစ်ပွဲကစားပြီး ရှုံးပွဲလုံးဝမရှိထားဘဲ တိုက်စစ်က တစ်ပွဲကို နှစ်ဂိုးနှုန်း သွင်းထားပါတယ်။ ဘိုဒိုဂလင့်ကလည်း ပွဲနှစ်ဆယ်ကျော် ကစားထားပြီးချိန်မှာ တိုက်စစ်က ဂိုးခြောက်ဆယ်နီးပါး သွင်းထားတာကြောင့် တစ်ပွဲကို သုံးဂိုးနှုန်းလောက် သွင်းထားတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲစဥ်မှာ စလားဗီးယားပရဂ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေးထားပါတယ်။ ဂိုးပေါင်းကြေးက မနေ့ကအချိန်ထိ သုံးလုံးနှစ်ဆယ်အရှုံးလောက် ပေါက်နေပေမဲ့ လက်ရှိအချိန်မှာ သုံးလုံးခြောက်ဆယ်စားဆိုတော့ ပြားတစ်ရာလောက်အထိ ပြုတ်ကျသွားပါတယ်။ အပေါ်မှာ ပြောခဲ့သလို တိုက်စစ်အားသန်ပြီး ဂိုးသွင်းကြမ်းတဲ့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးပေါင်းကြေး အရမ်းပြုတ်ကျလာတာဟာ သံသယဖြစ်စရာ ကောင်းလွန်းပါတယ်။ ထိုးသားတွေ အကြိုက်တွေ့လာနိုင်တဲ့ ဂိုးပေါ်တစ်ကွက်ကို သုံးဂိုးသွင်းတာနဲ့ တစ်ဝက်ကျော် ပေးစားရအောင် ဘွတ်ကီတွေ အဲ့ဒီလောက်သဘော မကောင်းပါဘူး။ ဒီအတွက်ကြောင့် ဂိုးအောက်နေသင့်တဲ့ပွဲပါ။
