၁၇.၉.၂၀၂၅
Written By Thandar
အဆိုတော်အိမ့်ချစ်နဲ့ ဂျူနီယာ ချစ်ကောင်းတို့ရဲ့ မိခင် ဒေါ်ဝါဝါထူး အသက် (၆၆)နှစ်ရဲ့ နာရေးကို မနက်ဖြန် စက်တင်ဘာ ၁၈ ရက် နေ့လယ် ၃ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပို့ဆောင်မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
အသက် ၆၆ နှစ်အရွယ် ဒေါ်ဝါဝါထူးက ကင်ဆာရောဂါနဲ့ စက်တင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၄၃ မိနစ်က ပန်းလှိုင်ဆေးရုံ(လှိုင်သာယာ) မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
“အမေက မနေ့ကမနက် နံနက် ၃း၄၃ မိနစ်က ငြိမ်းချမ်းစွာထွက်ခွာသွားပါပြီ။ အမေအေးချမ်းသွားပါပြီ။ အမေ့ရဲ့ ဒုက္ခအိုးလေးကို စိတ်ချထားခဲ့ပါပြီ။ အမေအခန်းထဲကနေ ကျွန်တော့်ကိုခေါ်ရတာလွယ်အောင် ဒီလူခေါ် Bell လေးထားထားပေးခဲ့တာ ညတိုင်း တစ်နာရီတစ်ခါကြားနေကြပါ။ ဒီ Bell သံလေး အခုတော့ တစ်သက်လုံးမမြည်တော့ဘူးပေါ့။ အမေရဲ့ နောက်ဆုံးခရီးကိုလည်း ညိုးငယ်စွာလည်း ဖိတ်ကြားအပ်ပါတယ်”လို့ အဆိုတော် ဂျူနီယာချစ်ကောင်း ပရိသတ်သိအောင် ပြောလာပါတယ်။
ဒေါ်ဝါဝါထူးရဲ့ရက်လည် ဆွမ်းကျွေးကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၅) ရပ်ကွက်၊ အမှတ် ၇၃/C ၊ အခန်း (၅ဝ၆) မြကန်သာကွန်ဒိုနေအိမ်မှာ တရားတော်နာယူမှာဖြစ်ပါတယ်။
အဆိုတော်အိမ့်ချစ်တို့ရဲ့ မိခင်ကွယ်လွန်မှုအပေါ် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဖြစ်နေကြလို့ အားပေးစကားတွေပြောပေးနေလျက်ရှိပါတယ်။
#အိမ့်ချစ် #ဂျူနီယာချစ်ကောင်း #ဒေါ်ဝါဝါထူး #EintChit #JuniorChitKaung #DawWarWarHtoo #MyanmarSinger #RIP



