၁၆. ၉. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ငါးလခွဲကျော်အတွင်း ဒေါ်လာသန်း ၆၆၀ ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်ပေးထားသည်။
ယခု စက်တင်ဘာလအတွင်း ဒေါ်လာသုံးကြိမ်ရောင်းချမှုအနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ဒေါ်လာသန်း ၃၀၊ စက်တင်ဘာ ၁၀ ရက်တွင် ဒေါ်လာ ၂၂ သန်းနှင့် စက်တင်ဘာလ ၁၆ ရက်တွင် ဒေါ်လာ ၂၅ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၇၇ သန်းရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလ ၁၆ ရက်အထိ ငါးလခွဲကျော်အတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၆၆၀ နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၉၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၄၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၀၀ ကျော်ဝန်းကျင် ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းများ ဩဂုတ်လဆန်းပိုင်းကထက် ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုရှိကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၉၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၇၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ စက်တင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီတစ်လီတာ ကျပ် ၁၀ မှ ကျပ် ၃၀ ကြား ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာ ကျပ် ၃၀ မှ ကျပ် ၄၀ ကြားမြင့်တက်ခဲ့သည်။
