နေမိုး
၁၆. ၉. ၂၀၂၅
ဆူးလေဘုရားအနီး၊ ရန်ကုန်မြို့တော်ခန်းမကို ယနေ့နံနက်ပိုင်းက ဗုံးခွဲခဲ့သည်ဟု ကျူးလွန်သည့် Freeland Attack Force PDF အဖွဲ့က ဝန်ခံလာသည်။
ယနေ့ ၂၀၂၅၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၆ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ရှိ ဆူးလေ မြို့တော်ခန်းမအား Freeland Attack Force ( FLA ) မှ ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဝန်ခံချက်တွင် ဖော်ပြထားသည်။
ထိုဖောက်ခွဲမှုအတွင်း Freeland Attack Force ( FLA ) မှ ကျုးလွန်သူ PDF များ ထိခိုက်မှုမရှိဟု ဖော်ပြထားသလို MT News စုံစမ်းမှုအရလည်း ထိုဗုံးခွဲမှုမှာ မြို့တော်ခန်းမကို ခွဲနိုင်ခြင်းမဟုတ်ဘဲ အများပြည်သူသွားလာနေသည့် လမ်းပေါ်သာ ခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် နံနက်အစောပိုင်းဖြစ်သဖြင့် သွားလာသူရှင်းလင်းနေ၍ ထိခိုက်သူမရှိကြောင်း သိရသည်။
