၁၃. ၉. ၂၀၂၅
Written by MMAK
◾ အာဆင်နယ် Vs နော်တင်ဟန်ဖောရက်
ဖောရက်နည်းပြ နူနိုဆန်းတို့စ်ဟာ အသင်းပိုင်ရှင်တွေနဲ့ အဆင်မပြေတာကြောင့် အထုတ်ခံခဲ့ရပြီး စပါးနည်းပြဟောင်း ပိုစတီဂလူကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် စတင်တာ အရှိန်မရသေးခင်မှာဘဲ နိုင်ငံပွဲတွေ ကစားခဲ့ရသလို ကြားရက်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွေ စတင်တော့မှာ ဖြစ်တာကြောင့် အသင်းကြီးပွဲစဥ်တွေကို သတိထား ရွေးချယ်ရမဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖောရက်နည်းပြသစ် ပိုစတီဂလူဟာ စပါးကိုကိုင်တွယ်ခဲ့စဥ်တုန်းက အာဆင်နယ်ကို သုံးပွဲရှုံးခဲ့ပြီး တစ်ပွဲသာ သရေကျခဲ့တာကြောင့် မှတ်တမ်းကောင်း မရှိပါဘူး။ ဖောရက်လိုအလယ်အလတ်အသင်းနဲ့ အာဆင်နယ်ကွင်းမှာတော့ ထူးထူးခြားခြား လုပ်ပြနိုင်မယ်မထင်ဘဲ သရေတစ်မှတ်ရရင်ကို ကျေနပ်ရမှာပါ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ အာဆင်နယ်မှာ ဆာကာနဲ့ ဆလီဘာတို့ မပါနိုင်ကြသလို နိုင်ငံပွဲကစားခဲ့ရတဲ့ ကစားသမားအချို့ကိုလည်း အနားပေးဖို့လိုတာကြောင့် ဒီပွဲမှာ ဂိုးပြတ်သွင်းဖို့ထက် အနိုင်ဂိုးကို ထိန်းမယ်ဆိုတဲ့ အကွက်မျိုး မြင်ရနိုင်ပါတယ်။ အိမ်ရှင်အာဆင်နယ်အသင်း ကပ်နိုင်သွားပြီး ဂိုးပေါင်းထိန်းသွားမယ် ထင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။

◾ ခရစ္စတယ်ပဲလေ့စ် Vs ဆန်းဒါးလန်း
ပဲလေ့စ်အသင်းက အဇီကို ထုတ်ရောင်းထားသလို ကစားသမားသစ် ပီနိုကို ခေါ်ယူထားပေမဲ့ ခြေစွမ်းခြေစကို စောင့်ကြည့်ရမဲ့ အနေအထားမှာဘဲ ရှိပါသေးတယ်။ အဓိကခြေစွမ်းပြနေတဲ့ အစ်စမာလီယာ ဆားနဲ့ ကွင်းလယ်က ဝါတန်တို့မပါနိုင်တာကိုလည်း တွေ့ရပါတယ်။ တန်းတက်လာတဲ့ဆန်းဒါးလန်းအသင်းက အိမ်ကွင်းနှစ်ပွဲအနိုင်ရပြီး အဝေးကွင်းတစ်ပွဲရှုံးထားတာကြောင့် ခြောက်မှတ်ရထားပြီး အခြေအနေကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲစဥ်မှာ ပဲလေ့စ်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ပေါက်ပါတယ် ။ ဒီလိုပေါက်ကြေးမျိုးက အပေါ်စုံအောင်ဖို့ ခက်ခဲနိုင်ပြီး အောက်ကြေးတစ်ခုတော့ အမြဲစားပါတယ်။ အောက်ကြေးတစ်ခုမှာ ဂိုးပေါင်းအောက်ကို ပိုကြိုက်နေပြီး ပဲလေ့စ်အသင်းက ခံစစ်ကောင်းပေမဲ့ တိုက်စစ်ပိုင်းအားနည်းချက် ရှိနေတာကြောင့် ဂိုးအများကြီး ရနိုင်မယ် မထင်ပါဘူး။ ဆန်းဒါးလန်းအသင်းရဲ့ အဝေးကွင်းခြေစွမ်းကလည်း စောင့်ကြည့်ရမဲ့ အနေအထားဖြစ်တာကြောင့် ဂိုးအောက်ရွေးချယ်မှုက ပိုစိတ်ချရမယ် ထင်ပါတယ်။
◾ နယူးကာဆယ် Vs ဝုဗ်
ဝုဗ်အသင်းက သုံးပွဲလုံးရှုံးနိမ့်ပြီး ဇယားအောက်ဆုံးရောက်နေခဲ့သလို နယူးကာဆယ်ကလည်း တစ်ပွဲရှုံးနှစ်ပွဲသရေနဲ့ နှစ်မှတ်သာရထားပါတယ်။ နယူးကာဆယ်ကလည်း နိုင်ပွဲရဖို့လိုအပ်နေသလို ဝုဗ်ကလည်း နိုင်ပွဲမဟုတ်ရင်တောင် အမှတ်ရဖို့ အရေးကြီးနေပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ နယူးကာဆယ်တိုက်စစ်က ဂိုးရဖို့ စိတ်မချရသေးဘူးဆိုပေမဲ့ အားထည့်ကစားလာနိုင်တဲ့ ဒီပွဲမှာ နှစ်ဂိုးလောက်ထိ ရသွားနိုင်ပြီး ရှုံးပွဲဆက်နေတဲ့ဝုဗ်အသင်းကိုလည်း တစ်ဂိုးလောက် ပြန်ပေးချင်တာကြောင့် သုံးဂိုးလောက်တော့ မြင်ရမယ်ထင်ပါတယ်။ ဂိုးပေါင်းကြေးက အနည်းငယ်ပျော့နေတယ်လို့ ထင်ရပေမဲ့ ပွဲချိန်နီးကပ်လာရင် ပြားနှစ်ဆယ်လောက်ထပ်တက်သွားနိုင်ပြီး အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ အဲဗာတန် Vs အက်စတွန်ဗီလာ
ဗီလာအသင်းက သုံးပွဲကစားပြီး တစ်မှတ်သာရထားသလို တိုက်စစ်ကလည်း တစ်ဂိုးမှ မရသေးပါဘူး။ အဲဗာတန်အသင်းကတော့ နှစ်ပွဲနိုင်တစ်ပွဲရှုံးနဲ့ ခြောက်မှတ်ရထားပါတယ်။ မနှစ်ကရာသီမှာ ဗီလာအသင်းက နှစ်ပွဲလုံးအနိုင်ရထားပြီး အဝေးကွင်းမှာ ပြားငါးဆယ်အရှုံးပေးခဲ့ပေမဲ့ ဒီပွဲမှာတော့ ခြေစွမ်းကောင်းနေတဲ့ အဲဗာတန်အသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံး ပြန်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ပေါက်ကြေးအရနဲ့ လက်ရှိခြေစွမ်းအရဆိုရင်တော့ ဗီလာအသင်းအနေနဲ့ အဝေးကွင်းကနေ နိုင်သွားဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဂိုးပေါင်းကြေးကလည်း အောင်ရင် အောင်သွားနိုင်သလို ကျရင်လည်း ကျသွားနိုင်တယ်ဆိုတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေတာကြောင့် ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးမှာဆိုရင် ဘော်ဒီရွေးချယ်မှုက ပိုစိတ်ချရမယ် ထင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျရင်ကျ မကျရင်တောင် အဲဗာတန်အသင်း ကပ်နိုင်သွားမယ် ထင်ပါတယ်။ အိမ်ရှင်အဲဗာတန်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားတာကြောင့် အဲဗာတန်ဘော်ဒီကို ကြိုက်ပါတယ်။
◾ ဝက်စ်ဟမ်း Vs စပါး
စပါးအသင်းက မန်စီးတီးအသင်းကိုတောင် အနိုင်ရခဲ့ပြီးမှ အိမ်ကွင်းပွဲမှာ ဘုန်းမောက်ကို ရှုံးသွားခဲ့ပါတယ်။ နှစ်ပွဲဆက်ရှုံးထားတဲ့ ဝက်စ်ဟမ်းကလည်း အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဖောရက်အသင်းကို သုံးဂိုးပြတ် အနိုင်ရသွားပြန်ပါတယ်။ လန်ဒန်ဒါဘီပွဲစဥ်ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေမှာ နောက်ဆုံးငါးပွဲလုံး အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ထားရပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စား ပေါက်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အားသန်ပြီး ဒါဘီပွဲဖြစ်တာကြောင့် တစ်သင်းသင်း ဂိုးစရတာနဲ့ တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ ပွဲစဥ်မျိုး ဖြစ်ပါတယ်။ နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားတာကြောင့် ဘော်ဒီကြေးထက် ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ တစ်သင်းသင်း ဂိုးရတာနဲ့ တိုက်စစ်အပြိုင်ဖွင့်ကစားလာနိုင်ပြီး ပထမပိုင်းမှာ တစ်ဂိုးလောက်မြင်ရရင်ကို သုံးဂိုးရောက်ဖို့ ခက်မယ် မထင်ပါဘူး။ လန်ဒန်ဒါဘီပြိုင်ပွဲဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ပေးပါလိမ့်မယ်။

◾ဘရန့်ဖို့ Vs ချဲလ်ဆီး
ဘရန့်ဖို့အသင်းက တစ်ပွဲနိုင်နှစ်ပွဲရှုံးနဲ့ သုံးမှတ်ရထားပြီး ချဲလ်ဆီးအသင်းက တစ်ပွဲသရေ နှစ်ပွဲနိုင်နဲ့ ခုနှစ်မှတ်ရထားပါတယ်။ အရင်ရာသီမှာ ပြားငါးဆယ်သာ ပေးခဲ့ပေမဲ့ ဒီပွဲမှာတော့ ချဲလ်ဆီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ကြားရက်မှာ ချဲလ်ဆီးအသင်းက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကစားရဖို့ ရှိပေမဲ့ ပေးထားတဲ့ ဘော်ဒီကြေးက ဂိုးရနိုင်မဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ ချဲလ်ဆီးအသင်း နိုင်ရင်နိုင် မနိုင်ရင် ဂိုးပေါ်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အိမ်ရှင်ဘရန့်ဖို့အသင်း ဂိုးရနိုင်လားဆိုတာကို စဥ်းစားကြည့်မယ်ဆိုရင် သုံးပွဲလုံး ဂိုးရထားတဲ့အချက်နဲ့ တိုက်စစ် ကစားပုံကောင်းမွန်တဲ့အချက်ကြောင့် ဂိုးရသွားမယ် ထင်ပါတယ် ။ ကစားပုံအရ တိုက်စစ်ချင်းယှဥ်ကစားမယ်ဆိုရင် ချဲလ်ဆီးအသင်းက ဂိုးရနိုင်ခြေ ပိုများတာကြောင့် ချဲလ်ဆီးဘော်ဒီနဲ့ ဂိုးပေါ် ကြိုက်ပါတယ်။
