
၁၂.၉.၂၀၂၅
Written By Thandar
တေးရေး တေးဆို အဆိုတော် ပိုပိုရဲ့ ဒုတိယအကြိမ်မြောက် “ချစ်ဖူးခဲ့သမျှ ရည်းစားဟောင်းများ” One Lady Show ကိုလာမယ့် အောက်တိုဘာ ၃ ရက်မှာ ရန်ကုန်မြို့ရှိ The Strand Hotel မှာ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့က The Strand Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
“ပိုပိုရဲ့ ရည်းစားဟောင်းတိုင်းကို One Lady Show ကိုလာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာလုပ်မှာဖြစ်ပါတယ်။ ည ၇ နာရီကနေ ၁၀ နာရီအထိ ပွဲလေးကို အမိုက်စား Performance တွေနဲ့ လုပ်သွားမှာပါ။ အကြာကြီးနေမှ ဒီရှိုးပွဲကိုလုပ်ဖြစ်တာဆိုတော့ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲနဲ့ လာရောက်ကြည့်ရှု့အားပေးစေချင်ပါတယ်။ ကြည့်ရတာနဲ့တန်အောင် အများကြီးပြင်ဆင်ထားပါတယ်။ ခေါင်းစဉ်ကတော့ အများကြီး မစဉ်းစားလိုက်ရပါဘူး။ ချစ်ဖူးခဲ့သမျှ ပိုပို့ရဲ့ အရှေ့ Album နဲ့ နောက်ဆုံး Me & My Exes ငါနဲ့ငါ့ရည်းစားဟောင်းများဆိုပြီးထွက်ထားတဲ့ Album နှစ်ခုပေါင်းလိုက်တာပါ။ ချစ်ဖူးခဲ့သမျှရည်းစားဟောင်းများ One Lady Show ဖြစ်သွားတာပါ။ ပရိသတ်နဲ့အတူတူနားထောင်ပြီး ရည်းစားဟောင်းတွေအကြောင်း ပြန်ပြောကြမှာမို့ ရည်းစားဟောင်းတွေကို ခေါ်လာလို့ရတယ်။ ရည်းစားဟောင်းကိုဖိတ်ထားတယ်” လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ Special Guest အနေနဲ့ အောင်ထက်၊ ကျော်ကျော်ဗိုလ်၊ အုပ်စိုးခန့်၊ Vitamin ၊ စန္ဒီမြင့်လွင် စတဲ့သူတွေနဲ့အတူ တေးသီချင်း ၂၅ ပုဒ်ကို ဖက်ရှင်ကျကျဝတ်စုံ ၅ စုံနဲ့ ဝတ်ဆင်ဖျော်ဖြေမှာလည်းဖြစ်ပါတယ်။
One Lady Show ရဲ့ Ticket တွေကို Normal Ticket အနေနဲ့ ကျပ် ၅ သောင်းနဲ့ Early Bird ကျပ် ၃ သောင်းခွဲ၊ VIP Ticket အနေနဲ့ကျပ် ၁၅၀,၀၀၀၊ Early Bird ကျပ် ၁၂၀,၀၀၀၊VVIP အနေနဲ့ Hotline 09 952 472 808 နဲ့ 09 421 043 092 ကို မေးမြန်းဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
