




၅.၉.၂၀၂၅
Written By Thandar
ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ “Yangon Baby & Kids Fair” ဈေးရောင်းပွဲတော်ကြီးကို ယနေ့ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ မင်းနန္ဒာလမ်းနဲ့ သုမနလမ်း ထောင့်ရှိ Myanmar Expo Hall (Fortune Plaza)မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ဒီဒီးတို့ ဒီနေ့ကတော့ ရန်ကုန် Yangon Baby & Kids Fair ပွဲလေးပေါ့နော်။ ဒီပွဲမှာ မိသားစုလိုက်ပေါ့။ စိန်နန်းတော်က ကြီးမှူးကျင်းပတာမို့ ပါဝင်ဖြစ်တယ်။ ကလေးပစ္စည်းတွေကို မိသားစုလိုက်လေး ကြော်ငြာ ပေးထားတာလည်း ရှိတယ်။ အကုန်ဝိုင်း နှုတ်ဆက်ဖြစ်ပါတယ်။ Shopping ထွက်ရတာ ကြိုက်တဲ့ မေမေတွေ အတွက် ၇၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးပေးထားတယ်ဆိုတော့ ကောင်းပါတယ်။ တစ်နေရာတည်း ဝယ်လို့ရတာပေါ့”လို့ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ စည်သူမောင်၊ ရာဝန၊ ဆုပန်ထွာ၊ စန္ဒီမြင့်လွင်၊ မေဆူးမောင်၊ သီရိရှင်းသန့်၊ Vita Min နဲ့ ဇော်ရှိုင်းထက် စတဲ့သူတွေက မိသားစုနဲ့အတူ တက်ရောက်လာခဲ့ပါတယ်။ ဒီအကြီးမားဆုံး ဈေးရောင်းပွဲတော်ကြီးမှာတော့ ကစားစရာဆိုင်တွေ၊ ကလေးပစ္စည်းတွေ၊ မြန်မာရိုးရာချည်ထည်တွေ၊ ဆေးဝါးပစ္စည်းတွေ၊ စိန်နန်းတော် စိန်ရွှေရတနာဆိုင်တွေအပြင် စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသထားတာလည်းဖြစ်ပါတယ်။
