၅.၉.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ဖျူထိုင်းပါတီမှ ပေတုံတန်ကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့ ဩဂုတ်လ ၂၉ ရက်က စီရင်ချက်ချခဲ့အပြီး တစ်ပတ်အကြာ စက်တင်ဘာလ ၅ ရက်မှာတော့ ဘွမ်ဂျေထိုင်းပါတီခေါင်းဆောင် အနျူတင် ချန်ဗီရာကူလ်ကို ပါလီမန်မှာ ဝန်ကြီးချုပ်အသစ်အဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘွမ်ဂျေထိုင်းပါတီခေါင်းဆောင် အနျူတင်က ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခံရနိုင်ဖို့ လိုအပ်တဲ့ထောက်ခံမဲထက် ကျော်လွန်ရရှိခဲ့တယ်လို့သိရပြီး စုစုပေါင်း ၃၁၁ မဲအထိ ရရှိခဲ့တာပါ။
ဒါ့ကြောင့် အနျူတင်က ဝန်ကြီးချုပ်အသစ်မဲပေးရွေးချယ်ပွဲမှာ ဖျူထိုင်းပါတီက အဆိုပြုထားတဲ့ဝန်ကြီးချုပ်လောင်း ချိုင်ကာဆမ် နီတီဆီရီကိုလည်း ထက်ဝက်ကျော် မဲအသာရခဲ့ပြီး ချိုင်ကာဆမ်က ၁၅၂ မဲသာ ရရှိခဲ့တာပါ။
အနျူတင်က အရင်ဖျူထိုင်းပါတီခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးအနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဝန်ကြီးချုပ် ပရာယွတ်အစိုးရလက်ထက်ကလည်း ကျန်းမာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူလို့ သိရပါတယ်။
Ref , Bangkok Post
