၅. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့သို့ ဒေသစံတော်ချိန် ယနေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဟာပင်းမြို့မှ ချန်ဒူးမြို့သို့ ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီတွင် ထွက်ခွာခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ချန်ဒူးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ချန်ဒူးမြို့လေဆိပ်သို့ ရောက်ရှိချိန်တွင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ မှ ကြိုဆိုခဲ့ပြီး စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
