MT News
၅. ၉. ၂၀၂၅
လာမည့်ရွေးကောက်ပွဲသည် ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားသဖြင့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီသွားမည်ဟု BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် BGF ၏ ကြေညာချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ် အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားပါသည်ဟု ဖော်ပြသည်။
ထို့အတွက် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ် မရှိစေရန် အထူးအလေးထားကူညီဆောင်ရွက်သွားပါမည်ဟုလည်း BGF က ကတိပြုသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု BGF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
