၄. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့မှ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ထွက်ခွာခဲ့ပြီး ဟာပင်းမြိုရှိ International Airport သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြိုရှိ International Airport သို့ ယာယီသမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံနွေးနွေးခြင်း အပါအဝင် စက်ရုံ၊ အလုပ်ရုံများအား သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။







