




၃၁.၈.၂၀၂၅
Written By Thandar
လင်္ကာဒီပ အနုပညာ အင်အားစုက တည်ထောင်တဲ့ “ထိန်းသင့်တာထိန်း ထွင်သင့်တာထွင်မယ့် စမ်းရေမိုးဇာတ်ပွဲ” Live Show အခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက်ရှိ လင်္ကာဒီပ Studio မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။
” ဒီနေ့ပွဲလေးက ကျွန်တော်စမ်းရေမိုးရဲ့ ခေါင်းဆောင်မင်းသားအနေနဲ့ က,ပြဖျော်ဖြေတဲ့ Live Show ပွဲပါဗျ။ ပထမဦးဆုံး က,ပြဖျော်ပေးတဲ့ မီဒီယာ မိတ်ဆက်ပွဲနဲ့ ပရိသတ်ကို စတင် ကပြတဲ့ပွဲပါ။ မြန်မာတစ်ပြည်လုံးကို လှည့်လည်ကပြဖို့ရှိပါတယ်။ ဆရာကိုအောင်ကျော်ထွန်းက ခေါင်းဆောင်နေရာက “ထိန်းသင့်တာထိန်း ထွင်သင့်တာထွင်မယ့် စမ်းရေမိုးဇာတ်ပွဲ တင်ဆက်တာမို့ တော်တော်လေးကို ပီတိဖြစ်ရပါတယ်”လို့ ဇာတ်မင်းသား စမ်းရေမိုးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ သဘင်လောက အနုပညာရှင်တွေနဲ့အတူ နတ်ငြိမ်း၊ ပဏာမ၊ ဇမ္ဗူဒီပါမှ အချစ်ဆုံး အော်ပရာ၊ မြူးကြွမြိုင်ဆိုင်တဲ့ နှစ်ပါးသွားကဏ္ဍ စတာတွေနဲ့ တင်ဆက်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။
“ထိန်းသင့်တာထိန်း ထွင်သင့်တာထွင်မယ့် စမ်းရေမိုးဇာတ်ပွဲ”ရဲ့ ဖျော်ဖြေပွဲကို ယနေ့ ဩဂုတ် ၁ နာရီကနေ ညနေ ၅ နာရီကျော်အထိ က,ပြဖျော်ဖြေရေးလက်မှတ်တွေကို ဖျာ ကျပ် ၂၀၀၀၀ တန်း၊ ၃၀၀၀၀၊ ၄၀၀၀၀၊ ၅၀၀၀၀ တန်းဆိုပြီး ရောင်းချ တင်ဆက် ကပြခဲ့တာလည်းဖြစ်ပါတယ်။
ဇာတ်မင်းသားစမ်းရေမိုးက ဆက်လက်ပြီးတော့ သီတင်းကျွတ်ကာလမှာ မြန်အောင်ဘုရားပွဲတော်ကြီးမှာ လေးည ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
