


၃၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ ဝူဟန်တက္ကသိုလ်မှ ဒုတိယအဓိပတိပါမောက္ခ Prof. Gong Wei တို့သည့် ယနေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ တီယန်ကျင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂြိုလ်တုနည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် နည်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရေး ဝူဟန်တက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ဝူဟန်တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အဖွဲဝင်များ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
