


၃၁. ၈. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်က ယနေ့ ညပိုင်းတွင် တည်ခင်းဧည့်ခံသည့် ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) သို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက ကြိုဆိုညစာစားပွဲအခမ်းအနားဖြင့် တည်ခင်းဧည့်ခံပွဲသို့ အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ယမန်နေ့တွင် ရောက်ရှိနေခြင်းဖြစ်သည်။
