




၃၀. ၈. ၂၀၂၅
Written by MMAK
◾ချဲလ်ဆီး Vs ဖူဟမ်
ချဲလ်ဆီးအသင်းက နှစ်ပွဲကစားပြီးချိန်မှာ တစ်ပွဲသရေကျပြီး တစ်ပွဲဂိုးပြတ်နိုင်ကာ လေးမှတ်ရထားပါတယ်။ ဖူဟမ်က နှစ်ပွဲလုံးကို သရေကျပြီး နှစ်မှတ်ရထားတယ်။ ချဲလ်ဆီးမှာ အဓိက ကစားသမား ကိုးလ်ပါးမား မပါနိုင်တာတောင် ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားဆိုတဲ့ အနေအထားဟာ အရမ်းကြီးပျော့မနေသလို အရမ်းကြီးလည်း ပြင်းမနေပါဘူး။ ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်စားဆိုတဲ့ပေါက်ကြေးမှာ သုံးဂိုးလောက်ထိ မြင်ရနိုင်တယ်ဆိုပေမဲ့ လေးဂိုးရောက်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။ ဖူဟမ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းကို သိပ်မကြိုက်တာကြောင့် သွင်းဂိုးတစ်ဂိုးထက် ပိုရမယ်လို့ မထင်ပါဘူး။ ကြားရက်မှာ နိုင်ငံပွဲတွေ ရှိနေတာကြောင့် ဒီပွဲစဥ်ကိုပဲ အပြည့်အဝ အာရုံစိုက် ကစားလာနိုင်ပြီး အိမ်ရှင်ချဲလ်ဆီးအသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ အပြန်အလှန်ဂိုးတွေ မြင်ရမယ်လို့ မထင်ပါဘူး။ လက်ရှိပေါက်ကြေးအရ ချဲလ်ဆီးအသင်းကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးပေါ်မယ်လို့ မထင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။

◾မန်ယူ Vs ဘန်လေ
မန်ယူအသင်းရဲ့ လက်ရှိအခြေအနေက တော်တော်လေး ဖိအားများနေပြီး အမ်မိုရင်အနေနဲ့ ဒီပွဲမှာသာ သရေကျတာနဲ့ ရှုံးနိမ့်တာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အထုတ်ခံရဖို့ ရာခိုင်နှုန်းပိုများလာပါလိမ့်မယ််။ ဒီပွဲပြီးရင်လည်း မန်စီးတီးနဲ့ ချဲလ်ဆီးတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေးထားပါတယ်။ ပေါက်ကြေးကတော့ အမှန်အကန်ပေးထားတာ တွေ့ရပေမဲ့ ခြေစွမ်းအရတော့ ယုံကြည်ပေးဖို့ရာ ခက်ပါတယ်။ တကယ်တော့ မန်ယူအသင်းရဲ့ ဘော်ဒီကြေးကို တစ်လုံးငါးဆယ်အရှုံးထက် ပိုပေးလို့ မရတာကြောင့် လက်ရှိပေါက်ကြေးအရဆိုရင်တော့ မန်ယူအသင်း တကယ်လုပ်ပြီလို့ ပြောလို့ရတယ်။ တန်းတက်ဘန်လေအသင်းရဲ့ ခြေစွမ်းက ခံစစ်ကစားပုံ အားနည်းပေမဲ့ ကစားကွက်နဲ့ တိုက်စစ်ကစားပုံတော့ သိပ်မဆိုးပါဘူး။ တကယ်လို့ ဘန်လေအသင်းသာ တစ်ဂိုးရသွားမယ်ဆိုရင် မန်ယူအသင်းက သုံးဂိုးပြတ်မှ ကြေးအောင်မဲ့ အနေအထားမျိုး ဖြစ်တာကြောင့် မန်ယူဘော်ဒီထက် ဂိုးပေါ်ရွေးချယ်မှုက ပိုစိတ်ချရမယ် ထင်ပါတယ်။ နာမည်ကြီးတိုက်စစ်ကစားသမားတွေ ခေါ်ထားပေမဲ့ တစ်ဂိုးသာရထားတဲ့ အခြေအနေမှာ မန်ယူအသင်းရဲ့ ဘော်ဒီကြေးကလည်း လိုအပ်တာထက် ပြင်းရှနေတာကြောင့် အိမ်ကွင်းတိုက်စစ်က ဒီပွဲမှာ သေချာပေါက် ဂိုးရပြီလို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးရောက်ဖို့ မခက်တာကြောင့် ဂိုးပေါ် ကြိုက်ပါတယ်။
◾စပါး Vs ဘုန်းမောက်
ဒီရာသီမှာ သောမတ်ဖရန့်ရဲ့ စပါးအသင်းမှာ အဓိက ပြောင်းလဲလာတာက ခံစစ်ပိုင်း ကောင်းမွန်လာခြင်းပါ။ မလိုအပ်ဘဲ တိုက်စစ်ကို အလွန်အကျွံဖွင့်မကစားဘဲ တစ်ဖက်အသင်းရဲ့ အမှားကို စောင့်ကစားတတ်လာပါတယ်။ တစ်ဖက်က ဘုန်းမောက်ဆိုတာက လီဗာပူးခံစစ်ကို နှစ်ဂိုးသွင်းပြီး အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အသင်းမျိုး ဖြစ်တာကြောင့် စပါးအသင်းက ခံစစ်ကို သတိကြီးကြီးထားပါလိမ့်မယ်။ မနှစ်ကကဆိုရင် စပါးအသင်းရဲ့ ခြေစွမ်းက တော်တော်လေးဆိုးခဲ့တာကြောင့် နှစ်ကျော့လုံးကို ဘုန်းမောက်အသင်းက ကြေးကြောပေးခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရကာ အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ စပါးအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စားနဲ့ ဂိုးပေါင်းကြေး သုံးလုံးသရေဆိုပြီး ကြေးဖွင့်ထားပါတယ်။ ဘွတ်ကီတွေက စပါးပွဲဆို ဂိုးပေါင်းကြေး မြင့်ချင်နေပြီး စပါးခံစစ်ကို မယုံသေးဘူးလို့ ထင်စရာရှိသလို တစ်ဖက်က ဘုန်းမောက်ဖြစ်နေကြောင့်လည်း ဂိုးပေါင်းကြေး မြင့်နေတယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေးဂိုးရောက်မယ်လို့ မထင်ဘဲ စပါးကပ်နိုင်သွားတာမျိုးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားမျိုး ဖြစ်လာနိုင်ပါတယ်။ စပါးအသင်းက နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်တောင် လေးဂိုးသွင်းမှ ကြေးအပြည့်အောင်မဲ့ ဒီပွဲမှာ ဂိုးအောက် ကြိုက်ပါတယ်။ ပွဲချိန်နီးလို့ ဂိုးပေါင်းကြေး ထပ်ကျလာခဲ့ရင် ဂိုးအောက်ဖို့ သေချာသလောက် ရှိသွားနိုင်ပါတယ်။

◾ဆန်းဒါးလန်း Vs ဘရန့်ဖို့
မနှစ်ကရာသီမှာ ဘရန့်ဖို့ထက် အဆင့်ပိုနိမ့်တဲ့ ဝက်စ်ဟမ်းအသင်းကတောင် ပထမပွဲမှာ အဝေးကွင်းကနေ ပြားငါးဆယ်အရှုံးပေးခဲ့သေးတာကို ဒီပွဲမှာ ဘရန့်ဖို့ပေးထားတဲ့ ဘော်ဒီကြေး ပြားနှစ်ဆယ်ဆိုတာက နိုင်ကြေးမဟုတ်ပါဘူး။ နောက်တစ်ချက်က ဘရန့်ဖို့အသင်းက အဝေးကွင်းညံ့တယ်ဆိုတဲ့အချက်ကလည်း ဒီပွဲမှာ အများဆုံးအနေနဲ့ သရေထက်ပိုရမယ်လို့ မထင်ပါဘူး။ တကယ်တော့ ဘော်ဒီကြေးဒဲ့ပေါက်တာမျိုးနဲ့ ဆန်းဒါးလန်းကတောင် ကြေးကြောပြန်ပေးလို့ ရနေသေးတဲ့ အနေအထားမျိုး ဖြစ်တာကြောင့် ဘရန့်ဖို့အသင်းရဲ့ ဘော်ဒီကြေးက မဖြစ်သာလို့ ပေးထားရတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ဆန်းဒါးလန်းအသင်းက တန်းတက်အသင်းဆိုပေမဲ့ ဘရန့်ဖို့အသင်းထက်တောင် ပရီးမီးယားလိဂ်မှာ ပိုကောင်းခဲ့ဖူးပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရဦးမှာ ဖြစ်ပြီး ဆန်းဒါးလန်းအသင်း မရှုံးနိုင်ပါဘူး။ ခြေစွမ်းသိပ်မကွာတဲ့ အနေအထားမှာ ဆန်းဒါးလန်းအသင်းက တန်းတက်အသင်းဆိုတာကို မေ့ထားလိုက်ပြီး အိမ်ရှင်ဆန်းဒါးလန်းကို ရွေးပါမယ်။
◾ဝုဗ် Vs အဲဗာတန်
တစ်ဂိုးမှ မရဘဲ နှစ်ပွဲဆက်ရှုံးထားတဲ့ ဝုဗ်အသင်းအနေနဲ့ အိမ်ကွင်းပွဲမှာတော့ အဲဗာတန်ကို ကြေးကြောအနည်းငယ်မပေးနိုင်ရင်တောင် ဘော်ဒီကြေး ဒဲ့ပေါက်ပေးရမယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ အဲဗာတန်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ် ပေးထားပေမဲ့ ပွဲချိန်နီးကပ်လာရင် ဒဲ့အနေအထားလောက်တော့ ပြန်ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်မှတ်မှမရသေးတဲ့ ဝုဗ်အသင်းအနေနဲ့ အိမ်ကွင်းပွဲမှာတော့ အဲဗာတန်ကို ထပ်ရှုံးမယ်လို့ မထင်ပါဘူး။ အနိုင်ရဖို့ ခက်ခဲမယ်ဆိုရင်တောင် သရေတစ်မှတ်တော့ ရအောင်ယူသွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်ရှုံးဆိုတဲ့ ပေါက်ကြေးမှ အဲဗာတန်အသင်းလည်း တစ်ဂိုးထပ်ပိုပြီး ရဖို့မလွယ်ဘူး။ ဝုဗ်အသင်းအနေနဲ့ အိမ်ကွင်းပွဲမှာ တစ်ဂိုးတော့ ပြန်ရအောင် သွင်းနိုင်တဲ့ အနေအထားမှာ ရှိနေသေးတာကြောင့် ရလဒ်
ဆိုးတွေကနေ ရုန်းထွက်ပြမဲ့ အိမ်ရှင်ဝုဗ်ကို ကြိုက်ပါတယ်။
◾လိဒ် Vs နယူးကာဆယ်
လိဒ်အသင်းက အသင်းကြီးမရှောင် အသင်းငယ်မရှောင် တိုက်စစ်ဖွင့်ကစားချင်တဲ့ ပုံစံမျိုးဖြစ်ပြီး တစ်ဂိုးလောက်သာ ပေးလိုက်ရရင် တိုက်စစ်အလွန်အကျွံတွေ ဖြစ်ကုန်ပြီး ခံစစ်က ပြဲဆင်းနေတတ်ပါတယ်။ နယူးကာဆယ်မှာ အီဆတ်၊ ဂေါ်ဒွန်၊ ဂျိုလင်တန် တို့လို အဓိက ကစားသမားတွေ မပါနိုင်ပါဘူး။ သို့ပေမဲ့ တစ်မှတ်ပဲရထားတဲ့ အခြေအနေမှာ အိမ်ရှင်လိဒ်အသင်းအကြိုက် အပြိုင်အဆိုင် တိုက်စစ်ဖွင့်ကစားလာမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံး ပေါက်နေပါတယ်။ ဂိုးပေါင်းကြေးရော ဘော်ဒီကြေးပါ ပြားငါးဆယ်လောက် လျော့ကျလာတာ တွေ့ရပေမဲ့ ဒီပွဲမှာ ပေါက်ကြေးကို မကြည့်ဘဲ ရွေးချယ်ပေးချင်ပါတယ်။ နှစ်သင်းစလုံးရဲ့ ကစားပုံ အမှတ်ရရှိထားမှု အခြေအနေအရ တစ်သင်းသင်းသာ တစ်ဂိုးစရလိုက်တာနဲ့ တိုက်စစ်အပြိုင်ဖွင့်ကစားကြမဲ့ အခြေအနေမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဒီပွဲမှာ အရှုံးအနိုင်အဖြေပေါ်နိုင်ပြီး အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးပဲ ကြိုက်ပါတယ်။
