၂၆.၈.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ နှစ်၂၀ မြောက် အထိမ်းအမှတ်အနေနဲ့ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးနဲ့ အောင်မြင်သူတွေသာမက ရိုးရိုးအောင်မြင်သူတွေကိုပါ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူးတွေ ရရှိခဲ့တဲ့ ကလေးတွေကို ဂုဏ်ပြုဆုတွေ၊ ဆုကြေးငွေတွေချီးမြှင့်ခဲ့ပါတယ်။ ခု ၂၀၂၄/၂၀၂၅ ပညာသင်နှစ်မှာ တက္ကသိုလ်စာမေးပွဲမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ နှစ်၂၀ မြောက်ပြီမို့ ဂုဏ်ထူးပါတဲ့ ကလေးတွေရော၊ ရိုးရိုးစာမေးပွဲအောင်ခဲ့တဲ့ ကိုယ့်လောကသားတွေရဲ့ ကလေးတွေကို ဂုဏ်ပြုမှတ်တမ်းတွေရယ်၊ ဆုကြေးငွေတွေပါ ချီးမြှင့်ပေးသွားမှာပါ။ ဒါကြောင့်မို့ ရုပ်ရှင်အစည်းအရုံးမှာ ဩဂုတ်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေပေးအပ်မယ့် အခမ်းအနားကိုတော့ လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အောင်မြင်ထားတဲ့ ကျောင်းသား/သူ အမည်၊ မိဘအမည် (အစည်းအရုံးဝင်ကတ်ပြားမိတ္တူနဲ့ အိမ်ထောင်စုစာရင်းမိတ္တူ)၊ ရိုးရိုးအောင်၊ ရရှိထားတဲ့ဂုဏ်ထူးတို့ကို (ပူးတွဲ) ရေးသားပြီးတော့ အကြောင်းကြားပေးရမှာလည်းဖြစ်ပါတယ်။
စာရင်းသွင်းဖို့ကျန်ရှိသူတွေအနေနဲ့ ဩဂုတ် ၂၉ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ရုံးအဖွဲ ဦးသန့်ဇင်ဦးရဲ့ ဖုန်းနံပါတ် – ၀၉ ၉၅၁၉၀၉၅၈၅ ကို ဆက်သွယ်စာရင်းပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
#UAyeKyuLay #MMPA #ဂုဏ်ထူးအောင် #ရိုးရိုးအောင်
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #၂၀၂၃/၂၀၂၅ပညာသင်နှစ် #တက္ကသိုလ်ဝင်တန်းစာမေးပွဲဂုဏ်ထူးပါသူ




