MT News
၂၆. ၈. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဂျင်ဝိုင်းလောင်းကစားပြုလုပ်သူ ၆၈ ဦးအား ပုဂံနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်အနော်ရထာရပ်ကွက်၊ မြို့ရှောင်လမ်းအနီးတောစပ်၌ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပုဂံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအောင် (၄၁) နှစ်အပါအဝင် အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၂၇ ဦးတို့အား ဂျင်ဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ စစ်ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် နေအောင်ပါ အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၂၇ ဦး တို့အား ပုဂံနယ်မြေရဲစခန်းက (ပ)၁၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
