သတိုး
၂၆. ၈. ၂၀၂၅
လက်နက်မဲ့ ဝန်ထမ်းပြည်သူများအား လိုက်လံ ချောင်းမြောင်းသတ်ဖြတ်နေသည့် PDF များကို မွေးထုတ်ခဲ့သော KNU က လာမည့်ရွေးကောက်ပွဲကို အကြမ်းမဖက်သောနည်းလမ်းဖြင့်သာ ဆန့်ကျင်ရန် ယနေ့ သတိပေးလိုက်သည်။
စကောကရင်၊ ပိုးကရင်၊ မြန်မာ၊ အင်္ဂလိပ်လေးဘာသာဖြင့် KNU (ကရင်အမျိုးသားအစည်းအရုံး) က ထုတ်ပြန်လာသည့် အဆိုပါကြေညာချက်တွင် ရွေးကောက်ပွဲလက်မခံကြောင်း အထူးပြုရေးသားထားသလို “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ”ဟု တံဆိပ်ကပ်ထားသော်လည်း ရွေးကောက်ပွဲကို အကြမ်းမဖက်သောနည်းလမ်းဖြင့်သာ ဆန့်ကျင်ရန်ကို “ကရင်အမျိုးပြည်သူလူထုများ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်း များ၊ ကရင်နိုင်ငံရေး အင်အားစုများ အပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားရန် တိုက်တွန်းအပ်ပါသည်။” အထူးပြုဖော်ပြထားသည်။

၂ဝ၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် အကြမ်းဖက်နှိမ်နင်းမှုမရှိခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ခဲ၊ ယမ်း/လုပ်သေနတ်များဖြင့် ပစ်ခတ်ကာ အကြမ်းဖက်မှုအသွင်ဖြစ်လာချိန် မျက်နှာချင်းဆိုင် ပစ်ခတ်မှုကို မတရားမှုဟုဆိုကာ လက်နက်ကိုင်ခဲ့ကြသည့် PDF များအား စစ်သင်တန်းပေးကာ မွေးထုတ်ခဲ့သည့် KNU က PDF များ လက်နက်ကိုင်ပြီးမှ လက်နက်မဲ့ဝန်ထမ်းပြည်သူများကို ချောင်းမြောင်းသတ်ဖြတ်သဖြင့် နာမည်ပျက်လာနေသည်ကို ထိန်းချုပ်ရန် ကြိုးစားသည့်အသွင်အဖြစ် မှတ်ယူကြပြီး KNU လက်အောက်တွင်လည်း PDF စစ်ကြောင်းများစွာရှိနေသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
