




၂၁.၈.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်းကြောင်းမှာပါ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သရုပ် ဆောင် ဟန်ထူးစျာန်ရဲ့ Birthday Show Pre Listening နဲ့ Season 2 Premier Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၂၁ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ THOR Bar မှာ ကျင်းပခဲ့ပါတယ်။
“ ဒီနှစ်မှာတော့ မွေးနေ့ နှစ်ခုစာပေါင်းပြီးတော့ ပရိသတ်တွေက အားပါးတရသီချင်းတွေလည်း နားဆင်ရမယ်။ မင်းမှမချစ်တာ Mini Series လေးပါ ကြည့်ရှုရမှာပါ။ မွေးနေ့ကတော့ ၂၉ ရက် ၇ လပိုင်းကတည်းက ပြီးသွားပါပြီ။ ပရိသတ်အကြိုက်တွေ့စေခဲ့တဲ့ ကျွန်တော့်ရဲ့ မင်းမှမချစ်တာ Mini Series Season 2 ကိုပါ အကောင်းဆုံး ပရိသတ်လက်ထဲကို ပေးတာပါ” လို့ အဆိုတော် ဟန်ထူးဈာန်က ပြောပါတယ်။






သူရဲ့ My Name is Han Htoo Zen Birthday Show မှာ တေးသီချင်း ၂၅ ပုဒ်ပါဝင်မှာဖြစ်ပြီး လာမယ့် ဩဂုတ် ၂၄ ရက်မှာ MRTV-4 က ထုတ်လွင့်ပြသသွားမှာဖြစ်ပါတယ်။ Birthday Show ပွဲပြီးနောက်မှာ “မင်းမှ…မချစ်တာ” Mini Series ကိုလည်း ပရိသတ်ကကြည့်ရှုခံစားရမယ်လို့ သိရပါတယ်။
ဟန်ထူးဈာန်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကArt Robots နဲ့အတူ Live Show ပုံစံတီးခတ်ခဲ့တဲ့ Birthday Show ကို နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ မေခလာ၊ အိုင်ရင်းဇင်မာမြင့်၊ ရေဗက္ကာ၀င်း၊ မီးနို၊ ဗီဗာဟိန်းတို့နဲ့အဆိုတော်တွေ၊ အကပညာရှင်တွေ၊ သရုပ်ဆောင်တွေနဲ့ ပြဇာတ်ဆန်ဆန် သရုပ်ဖော် အကောင်းဆုံးပုံဖော်ထားတယ်လို့ သိရပါတယ်။
