၁၈. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မဲ့ရမ်ခရိုင်ရှိ ဝတ်ဝေဠုဝန် (ဝတ်ပါဖိုင်) ဘုရားကျောင်းတွင် ယနေ့နံနက်အစောပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
မီးသည် ဘုရားကျောင်းဆောင်၏ အမိုးသို့ ကူးစက်ခဲ့ပြီးနောက် သတင်းရရှိမှုကြောင့် ရောက်ရှိလာသော မီးသတ်သမားများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မိနစ် ၃၀ အကြာ နံနက် ၄ နာရီအချိန်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဘတ်ငွေ ၃ သန်းခန့် ဆုံးရှုံးခဲ့သော်လည်း ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဆင်းတုတော်ကြီးမှာ မီးဟပ်ခြင်းကဲ့သို့သော ပျက်စီးမှု အနည်းငယ်သာ ထိခိုက်မှုရှိခဲ့သည်။
အာဏာပိုင်များက မီးသည် လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် ရှေ့တစ်ရက်က ထွန်းညှိခဲ့သည့် အမွှေးတိုင်နှင့် ဖယောင်းတိုင်များမှ မီးပွားများကြောင့်ဖြစ်နိုင်သည်ဟု ယုံကြည်ထားသော်လည်း မီးလောင်မှု၏ အတိအကျ အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
Ref, Khaosod



