
၁၇. ၈. ၂၀၂၅
Translated by Thettant
ယနေ့ ဩဂုတ်လ ၁၇ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ဖူးခက်ပြည်နယ်၊ သလန်ခရိုင်၊ ပါ့ခ်လော့ခ်လေဆိပ်ငယ်အနီးရှိ ပါ့ခ်လော့ခ် မိုနျူမန့်လမ်းပေါ်၌ လေ့ကျင့်ရေးလေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့သည်။
ဖြစ်စဥ်အတွင်း လေယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူနှစ်ဦးအနက် သင်တန်းနည်းပြ ထိုင်းနိုင်ငံသား ဆူရာဆက် (အသက် ၄၀) မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း လေယာဉ်မောင်းသင်တန်းသားဖြစ်သူ ရုရှားနိုင်ငံသား ဆာဂေး (အသက် ၃၆) မှာမူ အခြေအနေတည်ငြိမ်သည်။ နှစ်ဦးစလုံးကို သလန်ဆေးရုံသို့ ပို့ဆောင်ထားသည်။

အဆိုပါလေယာဉ်သည် နေ့လယ် ၂ နာရီခန့်တွင် လေ့ကျင့်ပျံသန်းမှုအတွက် စတင် ထွက်ခွာသွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးရန် အကာအရံများ ပြုလုပ်ထားပြီး ပျက်ကျရသည့် အကြောင်းရင်းကို စစ်ဆေးဆဲဖြစ်သည်။

Ref, Khaosod
