၁၆. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်၊ အန်ကောရေ့ဂျ်မြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခြင်းမပြုမီ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ဆက်သွယ်စကားပြောခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုပြောကြားသည်။
လူကာရှန်ကိုနှင့် ဆွေးနွေးမှုတွင် အကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်းနှင့် စကားပြောဆိုမှုသည် “အလွန်ကောင်းမွန်သည်” ဟု ထရမ့်က ပြောကြားခဲ့သလို လူကာရှန်ကိုနှင့်လည်း တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။
လူကာရှန်ကိုက ထရမ့်ပ်နှင့် ၎င်း၏မိသားစုကို ဘယ်လာရုစ်မြို့တော် မင့်စ်ခ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ထရမ့်ပ်ကလည်း သဘောတူခဲ့သည်။
ထို့ပြင် အမေရိကန်သမ္မတနှင့် ပူတင်တို့ အလာစကာ၌ တွေ့ဆုံရန်ရှိနေချိန်တွင် ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်း၊ ဒေသတွင်းလုံခြုံရေးနှင့် အခြားတင်းမာမှုရှိသောနေရာများအကြောင်း ဆွေးနွေးခဲ့ကြသလို ခေါင်းဆောင်နှစ်ဦးစလုံးသည် ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။
“ဘယ်လာရုစ်နိုင်ငံရဲ့ လေးစားရတဲ့ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနဲ့ အံ့ဩစရာကောင်းတဲ့ စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီဖုန်းခေါ်ဆိုမှုရဲ့ ရည်ရွယ်ချက်ကတော့ အကျဉ်းသား ၁၆ ဦးကို လွှတ်ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်စကား ပြောဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် အကျဉ်းသား ၁,၃၀၀ ကို လွှတ်ပေးဖို့အတွက်လည်း ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ရဲ့ စကားပြောဆိုမှုဟာ အလွန်ကောင်းမွန်ပါတယ်။ သမ္မတပူတင် အလက်စကားကို လာရောက်လည်ပတ်မယ့်ကိစ္စ အပါအဝင် အကြောင်းအရာများစွာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အနာဂတ်မှာ သမ္မတ လူကာရှန်ကိုနဲ့ တွေ့ဆုံဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟုလည်း ထရမ့်ပ်က လူမှုကွန်ရက်ပေါ် ရေးသားခဲ့သည်။
Ref, RT
