၁၅.၈.၂၀၂၅
Written by Hey Mar
တာမွေမြို့နယ်၊ ကြက်ဘဲဈေးအနီးမှာ Box ကားနဲ့ သုံးဘီးဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားလို့ အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဩဂုတ် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရပ်ထားတဲ့ Box ကားကို ခရီးသည်တင်လာတဲ့ သုံးဘီးဆိုင်ကယ်က နောက်ကနေ ဝင်တိုက်လို့ သုံးဘီးဆိုင်ကယ်ပေါ် လိုက်ပါစီးနင်းလာတဲ့ ခရီးသည်အမျိုးသားကြီးတစ်ဦး ဆေးရုံတင်ပို့နေစဉ် သေဆုံးတဲ့ ဖြစ်စဉ် မနေ့က ဩဂုတ် ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူ သုံးဘီးငှားရမ်းစီးနင်းလာတဲ့ အမျိုးသားကြီးမှာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာနဲ့ နေရပ်ကိုလည်းမသိရှိရတာကြောင့် ပိုင်ရှင်မဲ့အဖြစ် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူကို သိရှိပါက ဆက်သွယ်ပေးဖို့လည်း Medical လူငယ်များ လူမှုကူညီရေးအသင်းက မေတ္တာရပ်ခံထားပါတယ်။
