၁၅.၈.၂၀၂၅
Written By Thandar
လူငယ်ဆန်ဆန် အချစ်ဒရာမာဇာတ်လမ်းပုံစံ “ပန်းနုရောင် အိပ်မက်များ” ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ်လ ၁၈ ရက်နေ့မှာ HEY Play Application နဲ့ HEY Play YouTube Channel တို့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
“ဒီဇာတ်ကားမှာက ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ကြီးပြင်းလာခဲ့တဲ့ ညီအစ်မနှစ်ယောက် သံစဉ်နဲ့ ကဗျာရယ်။ ကံတရားအလှည့်အပြောင်းတစ်ခုကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့အခါ ကြုံတွေ့လာရမယ့် လောကဓံကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို လူငယ်ဆန်ဆန် အချစ်ဒရာမာပုံစံလေး ရိုက်ကူးထားပါတယ်။ အရင်က Fortune TV ပြသတုန်းကလည်း ပရိသတ်အားပေးကြတာမို့ ဝမ်းသာပီတိဖြစ်ရပါတယ် ခုမကြည့်ရသေးတဲ့သူတွေ ထပ်ပြသမှာမို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
Victoria Film Production ကထုတ်လုပ်ပြီးတော့ ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားကာ ဒါရိုက်တာပွင့်သိင်္ဂီဇော်က လူငယ်ဆန်ဆန် အချစ်ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲထိုက်၊ ချာလီ၊ တေဇလင်းရောင်၊နန်းစုဦး၊ မေတိုးခိုင် စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“ပန်းနုရောင် အိပ်မက်များ” ဇာတ်လမ်းတွဲကို ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application နဲ့ HEY Play YouTube Channel တို့မှာ ပြသပေးသွားမှာဖြစ်ပါတယါ။
#PwintTheingiZaw #အောင်ရဲထိုက် #ချာလီ #တေဇလင်းရောင် #နန်းစုဦး #မေတိုးခိုင်
#HEYPlay #HEYPlayနဲ့ကြည့်မယ် #ပန်းနုရောင်အိပ်မက်များ




