
၁၂.၈၂၀၂၅.
Translated by Htwe Ko Tun
ပေါ်တူဂီနိုင်ငံရဲ့ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ ကာလရှည်လက်တွဲဖော် အာဂျင်တီးနားနိုင်ငံဖွား စပိန်အလှမယ် အသက် ၃၁ နှစ်အရွယ် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ စေ့စပ်မှုပြုခဲ့တယ်လို့ သိရပါတယ်။
ရိုဒရီဂွက်ဇ် ကလည်း လူမှုကွန်ရက်မှာ ကြီးမားလှတဲ့ လက်စွပ်တစ်ကွင်းကိုပြသရင်း သူတို့စေ့စပ်ခဲ့တယ်ဆိုတဲ့ သတင်းမှန်ကန်တယ်လို့ မိခင်စပိန်ဘာသာစကားနဲ့ ရေးသားခဲ့ပါတယ်။ လက်စွပ်ဟာ ၃၇ ကာရက်ခန့်ရှိပြီး ပေါင် ၃ ဒသမ ၇ သန်း (ဒေါ်လာ ၅ သန်း ခန့်) တန်တယ်လို့ 77 Diamonds ရဲ့ မန်နေဂျင်းဒါရိုက်တာ Tobias Kormind လို လေးစားထိုက်သူက လက်ဝတ်ရတနာအချို့ကို ကိုးကားဖော်ပြခဲ့ပါတယ်။
အချို့သော လက်ဝတ်ရတနာကျွမ်းကျင်သူတွေကလည်း ဒီကြီးမားလှတဲ့ စေ့စပ်လက်စွပ်ကြီးက ဒေါ်လာ ၂ သန်းကနေ ဒေါ်လာ ၅ သန်းကြား တန်ဖိုးရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ဒါ့အပြင် အသေးစိတ်ကိုတော့ သူတို့နှစ်ဦးက ထုတ်ဖော်ပြောကြားမှု မပြုခဲ့ကြပါဘူး။ လူမှုကွန်ရက် Instagram ဆိုရင် follower ခေါ်တဲ့ထောက်ခံသူအများဆုံးရရှိသူဖြစ်တဲ့ ရော်နယ်လ်ဒို ကလည်း သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာဝေဖန်ပြောကြားမှု မပြုခဲ့ပါဘူး။
သူတို့စုံတွဲဟာ ရိုဒရီဂွက်ဇ်အလုပ်လုပ်နေခဲ့တဲ့ မက်ဒရစ်မြို့က ကမ္ဘာ့ဈေးကြီးတဲ့ ဖက်ရှင်တံဆိပ်ပစ္စည်းတွေရောင်းတဲ့ Gucci shop ဆိုင်တစ်ဆိုင်မှာ စတွေ့ခဲ့ကြပြီးတဲ့နောက် ဇတ်လမ်းစခဲ့ကြတာ ကိုးနှစ်တောင်ရှိသွားပါပြီ။ ရော်နယ်လ်ဒိုက အဲဒီအချိန်က စပိန်ကလပ်အသင်းဖြစ်တဲ့ ရီးရဲ မက်ထရစ်မှာ ကစားနေခဲ့တာပါ။
ကိုးနှစ်ကြာလက်တွဲလာခဲ့တဲ့ သူတို့နှစ်ဦးမှာ သမီးနှစ်ဦးရှိပါတယ်။ ဒါ့ပြင် ရိုဒရီဂွက်ဇ်က ရော်နယ်လ်ဒိုရဲ့ ကလေးသုံးဦး ကြီးပြင်းပျိုးထောင်ဖို့လည်းကူညီပေးခဲ့တယ် ဆိုပါတယ်။
စပိန်ကလပ်အသင်း ရီးယယ်လ် မက်ဒရစ်နဲ့ အင်္ဂလန်ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုက လက်ရှိမှာတော့ ဆော်ဒီအာရေးဘီးယားနိုင်ငံ Al-Nassr ကလပ်အသင်းမှာ ပါဝင်ကစားနေပါတယ်။
Ref. BBC & The Sun
