




၁၂.၈.၂၀၂၅
Written By Thandar
Canal Plus ကိုယ်ပိုင်ဖန်တီးမှုနဲ့ အမျိုးသမီးတွေအတွက်ပညာပေးဇာတ်လမ်းပုံစံ “စနေရတနာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“စနေရတနာ ဇာတ်လမ်းတွဲမှာတော့ Canal Plus မှာ ပြမှာပါ။ စိုးပြည့်က ဒီအထဲမှာတော့ ရုပ်ရှင်မင်းသမီး တစ်ယောက် ကာရိုက်တာပေါ့နော်။ အရင် စိုးပြည့် ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့ပေမယ့် ကာရိုက်တာတွေကတော့ မတူပါဘူး။ စိတ်နေစိတ်ထားတွေပုံစံတွေက မတူပါဘူး။ စိုးပြည့်နဲ့ သိပ်မတူတဲ့ ကာရိုက်တာ တစ်ခုတော့ သရုပ်ဆောင်ရမှာပါ။ အန်တီစိုးမိုးကြည်နဲ့က ခဏခဏရိုက်ဖူးပေမယ့် ကျန်တဲ့မင်းသားတွေကတော့ ပထမဆုံးတွေ့ဆုံးရမယ့် ဇာတ်ကားပါ”လို့ သရုပ်ဆောင် စိုးပြည့်သဇင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Evren ၊ ဇာတ်ညွှန်း ဟေမာန်ဟိဏ်း၊ စန်းစန်းရင်နဲ့ တုနှိုင်းဈာန်တို့က ရေးသားပြီးတော့ ဒါရိုက်တာအိအိခိုင်က ရိုက်ကူးပြီးသရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ စည်သူဝင်း၊ စိုးပြည့်သဇင်၊ လင်း လပြည့်ထက်၊ စိုးမိုးကြည်၊ စံပယ်မိုးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
“စနေရတနာ” ဇာတ်လမ်းတွဲကို မကြာခင်မှာ Canal Plus က ထုတ်လွှင့်ပြသမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
