၁၂.၈.၂၀၂၅
Written By Thandar
Hip Hop နဲ့ R&B အဆိုတော် စန္ဒီမြင့်လွင်ရဲ့ အသက် ၃၉ နှစ်ပြည့်မွေးနေ့ “Birthday Concert” ပွဲကြီးမှာ ငယ်ငယ်တုန်းက Vibe လေးတွေ ပြန်ခံစားရမယ်လို့ ဆိုပါတယ်။
“Birthday Concert” ပွဲကြီးကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Inya Lake Garden မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ဒီပွဲကတော့ လုပ်ဖို့ပြောထားတာလည်း တော်တော်ကြာပါပြီ။ မွေးနေ့နားတာမို့ Birthday Concert လုပ်ပါလားပေါ့။ အဲဒါနဲ့ လုပ်ဖြစ်သွားတာပါ။ အမှန်တော့ အသက် ၄၀ ပြည့်မှ ပွဲကြီးကြီးလုပ်ချင်တာပါ။ ဒီနှစ်ကတော့ Inya Lake Garden ကလည်း လုပ်ဖို့ပြောတာကြောင့် လုပ်ဖြစ်တာပါ။ သမီးလေးကလည်း မေမေသီချင်းဆိုတာ ကြည့်ချင်တာဆိုတော့ ဆိုဖြစ်သွားတာပါ။ အိမ်က သမီးလေးကတော့ အမေဆိုနေကြဖြစ်တဲ့ ခေါက်ပစ်လိုက်၊ အနားနားရှိတဲ့အခိုက် စတာတွေ တော်တော်လေးရနေပါပြီ။ ဒီဒီး ခုလိုဖျော်ဖြေပွဲမလုပ်ဖြစ်တာဆိုရင် တော်တော်ကြာပါပြီ။ ကိုယ်တိုင်က ပွဲလုပ်ရတာ မကြိုက်တဲ့သူပေါ့နော် စင်ကြောက်တာမျိုးလည်းရှိတော့လေ။ ပရိသတ်အကြိုက်တွေ့စေဖို့ ကြိုးစားနေပါတယ်။ ဒီဒီးရဲ့ ငယ်ငယ်တုန်းက Vibe လေးတွေ ပြန်ခံစားရမှာမို့ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲနီးလာလေ စိတ်လှုပ်ရှားတယ်။ အကောင်းဆုံး ဒီပွဲမှာ ဖျော်ဖြေသွားမှာပါ လာရောက် အားပေးကြပါဦး”လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။
အဆိုပါပွဲမှာတော့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ထုံးစံအတိုင်း Birthday Concert မှာ Hip Hop ၊ R&B တွေ၊ duet song တွေ Stage performance နဲ့ Featuring ကို တခြားအနုပညာရှင်တွေလည်း တွဲဖက်သီဆိုသွားမယ်လို့ သိရပါတယ်။
သူမကတော့ အသက် ၁၈ နှစ်အရွယ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့သူလည်းဖြစ်ပြီး၂၀၁၆ ခုနှစ်က ရန်ကုန်မြို့၊ မျှော်စင်ကျွန်းမှာ One Lady Show လုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဩဂုတ် Born တစ်ဦးဖြစ်တဲ့ သူမအတွက် ယနေ့ ဩဂုတ်လ ၁၂ ရက်က အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ၃၉ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။
#အဆိုတော်စန္ဒီမြင့်လွင် #SandyMyintLwin #Hip Hop #R&B #BirthdayConcert #OneLadyShow
inyalakegarden #Sandymyintlwin #DeeDee #Birthdayevent





