၁. ၈. ၂၀၂၅
Translated by Thettant
အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) မှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ ပါကစ္စတန်နိုင်ငံ၏ ထိခိုက်လွယ်ဒေသများတစ်လျှောက် တစ်လကျော်ကြာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ကလေးငယ် ၁၃၈ ဦး အပါအဝင် လူပေါင်း ၂၉၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၆၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် ကလေးငယ် ၁၃၈ ဦး၊ အမျိုးသမီး ၅၁ ဦးနှင့် အမျိုးသား ၁၀၂ ဦး ပါဝင်သည်။ ပန်ဂျပ်ပြည်နယ်သည် အဆိုးဆုံး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၅၈ ဦးအထိရှိကာ အဆိုပါ အရေအတွက်တွင် ကလေးငယ် ၆၉ ဦး၊ အမျိုးသမီး ၂၇ ဦးနှင့် အမျိုးသား ၆၂ ဦး မှတ်တမ်းတင်ခဲ့ရသည်။ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် လူ ၆၆ ဦး အသက်ဆုံးရှုံးခဲ့ပြီး ကလေးငယ် ၃၆ ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၈ ဦး ပါဝင်သည်။ ဆင်းဒ်ပြည်နယ်တွင် သေဆုံးသူ ၂၈ ဦးတွင် ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁၀ ဦးရှိကြောင်း ဖော်ပြခဲ့သည်။
ထိုနည်းတူ ဘာလိုချစ်စတန်ပြည်နယ်တွင်လည်း ကလေးငယ် ၁၁ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦး၊ ဂီလ်ဂစ်-ဘယ်လ်တစ်စတန်ပြည်နယ်တွင် ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး၊ အဇတ် ဂျမ်မူနှင့် ကက်ရှ်မီးယားတို့တွင် ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ပြီး အစ္စလာမာဘတ် မြို့တော်နယ်မြေတွင် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး အပါအဝင် လူ ၈ ဦး ထိခိုက်သေဆုံးခဲ့သည်။
NDMA မှ ထုတ်ပြန်သော နောက်ဆုံးရ အချက်အလက်များအရ ပါကစ္စတန်တစ်ဝှမ်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၆၉၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများတွင် ကလေးငယ် ၂၃၆ ဦး၊ အမျိုးသမီး ၁၉၉ ဦးနှင့် အမျိုးသား ၂၆၃ ဦး ပါဝင်သည်။ ပန်ဂျပ်ပြည်နယ်သည် အကျယ်အဝန်းပျက်စီးမှုနှင့် မိုးရေကြောင့် ဖြစ်ပွားသော ဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိမှု ၅၅၆ ခု (ကလေးငယ် ၁၇၀ ဦး၊ အမျိုးသမီး ၁၇၅ ဦးနှင့် အမျိုးသား ၂၁၁ ဦး အပါအဝင်) ဖြင့် အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် ဒေသအဖြစ် ဆက်လက်တည်ရှိနေသည်။
Ref, Daily Mail PK




