၂၈.၇.၂၀၂၅
Written By Thandar
ပန်းချီဆရာမ Orchid Kyi Pyar (Law)ရဲ့ ယနေ့ ဇူလိုင် ၂၈ ရက်မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရ အနေနဲ့ Birthday & Solo ပန်းချီပြပွဲနဲ့ ဆရာတော်အသျှင်ကုမာရ@ဦးဇင်းဘီလူးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။
“အစ်မအနေနဲ့ ဒီနေ့မွေးနေ့မှာ ဆရာတော်ကို နေ့ဆွမ်းကပ်တယ်။ အစ်မရဲ့ Solo Show ပန်းချီပြပွဲကိုလည်း ကျင်းပတာပါ။ ၅ ရက်တိုင်တိုင် ကျင်းပတာပါ။ ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်အထိပေါ့။ ဒီနေ့ကတော့ အစ်မရဲ့မွေးနေ့ပါ။ အစ်မကတော့ နှစ်တိုင်းမှာ မွေးနေ့ကုသိုလ်ကတော့ လုပ်ဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့တာတို့၊ ဒီနှစ်ကတော့ ပန်းချီပြခန်းမှာပဲ ဆရာတော်ကိုပင့်ဖိတ်ပြီးတော့ နေ့ဆွမ်းကပ်တယ်။ ပန်းချီကားပေါင်း ၆၀ ကျော်ကို ဆွဲခဲ့တာပါ။ ညီမလေးပိုးဥက ၁၁ ကားပါတယ်။ မောင်နှမတွေဖြစ်တဲ့ မောင်လေးက ၄ ကားရယ်၊ သမီးလေးက ၂ ကားရယ်ပြသထားပါတယ်”လို့ ပန်းချီဆရာမ Orchid Kyi Pyar (Law) က MT Entertainment ကို ပြောပါတယ်။
အဆိုပါ မွေးနေ့အလှူအနေနဲ့ ဆရာတော်အသျှင်ကုမာရ@ဦးဇင်းဘီလူးကို နေ့ဆွမ်း၊ အချိုပွဲ၊ ဝတ္ထုတွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကို ကြက်ဆီထမင်း၊ ကော်ဖီနဲ့မုန့်တွေကို ကျွေးမွေးခဲ့ပါတယ်။
ပန်းချီဆရာမ Orchid Kyi Pyar (Law)က မွေးနေ့အလှူအနေနဲ့ ပန်းချီဝါသနာရှင်တွေကို ပန်းချီကား ၅ ကားကို ကံစမ်းမဲဖောက်ပေးပြီး ပုံတူပန်းချီကားတွေကို လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။ ပန်းချီပြပွဲကိုတော့ ဇူလိုင် ၂၆ရက်ကနေ ဇူလိုင် ၃၀ ရက်အထိ တန်ခိုးကြီး ဘုရားတွေ၊ ရိုးရာစောင်း၊ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သစ်ခွပန်းစတဲ့ ရှုခင်းရသမျိုးစုံ ပန်းချီကားပေါင်း ၇၇ ကားကို ပြသထားတာလည်း ဖြစ်ပါတယ်။
#ဆရာတော်အသျှင်ကုမာရ #AShinKumaRa #ပန်းချီဆရာမ #UZinBlu #OrchidKyiPyarLaw #အဆိုတော်ရွှေယမင်းအိမ် #ပိုးဥ #OrchidKyiPyar #ShweYaminEain
#ပန်းချီဆရာမOrchidကြည်ပြာ #BirthdayandSoloShow





