ဒလန်ဟုဆိုကာ ပစ်သတ်မှုကြောင့် အိပ်ပျော်နေလျက်သေဆုံးရသူ၏ မြင်ကွင်း

MT News

Written by Min Mahar

မန္တလေးမြို့တွင် အောင်စည်တော်စစ်ဆင်ရေး (AST- MDY)အဖြစ် ဒလန်ဟုစွပ်စွဲကာ အိပ်ပျော်နေသော အမျိုးသားတစ်ဦးအား ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေ ၅နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အကွက် (၅၂၁) နဝရတ်စုရပ်၊ လမ်း ၄၀ ၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ သိန်းတန်စေတီဘုရားအရှေ့ဘက်ပေါက် ၊ ဈေးဆိုင်တန်းခုံပေါ် အိပ်ပျော်နေသော အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ထိုအမျိုးသားသည် ဦးခေါင်းနောက်မှတစ်ဆင့် ပါးပြင်သို့ ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်ဖြင့် စားပွဲခုံပေါ်တွင် သေဆုံးသွားခဲ့သောကြောင့် ဖေးကူလက်များ လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပစ်သတ်မှုကို အောင်စည်တော် စစ်ဆင်ရေး ( AST- MDY)အဖြစ် လုပ်ဆောင်ခဲ့သည်ဟုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝန်ခံပြောဆိုထားသည်ကိုတွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *