MT News

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၆ လသက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း ယနေ့ညတွင်ကြေညာပြီးနောက် SAC က ခြောက်လ ဆက်လက်တာဝန်ယူခြင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အတည်ပြုခြင်းအပါအဝင် SAC အစိုးရအဖွဲ့ အပြောင်းအလဲများ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်များတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ၆ လ ဆက်လက်တာဝန်ပေးအပ်ကြောင်းကြေညာချက်၊ SAC က ခြောက်လ ဆက်လက်တာဝန်ယူခြင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကြေညာချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အပြောင်းအလဲကြေညာချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့အ​ပြောင်းအလဲကြေညာချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌများခန့်အပ်ကြောင်းကြေညာချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များခန့်အပ်ကြောင်းကြေညာချက်၊ တာဝန်မှအနားယူခွင့်ပြုခြင်း၊ တာဝန်မှပြောင်းရွှေ့ခြင်းစသည့်ကြေညာချက်များစွာကို ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *