၂၁.၇.၂၀၂၅
Written By Thandar
ဆော်ဒီနိုင်ငံမှာ ကျင်းပမယ့် E Sport World Cup PUBG ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ကြမယ့် Yangon Galacticos@ YG Team အသင်းသားတွေရဲ့ Fan Meeting and Conference ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို ရန်ကင်းမြိုနယ်ရှိ Slay Bar & Grill Free Entry မှာ ကျင်းပခဲ့ပါတယ်။
“ YG Team အသင်းသားတွေ Fan Meeting and Conference ကိုလာရောက်ပေးကြလို့ တစ်ယောက်ချင်းဆီကို အကုန်လုံးကို အထူးကျေးဇူးတင်ပါတယ်။ PMCL 2025 Summer ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး PMWC 2025 ကိုသွားရတော့မယ်ဆိုကတည်းက ကျွန်တော်တို့ နေ့တိုင်း training တွေ ဆော့တယ်။ scrim တွေ ဆော့တယ်။ discussion တွေ လုပ်တယ်။ ဆော်ဒီနိုင်ငံမှာပြိုင်ဖို့အတွက်အရင်တုန်းကအတိုင်း ပြင်ဆင်ထားပါတယ်။ ကျွန်တော့်တို့ လိုအပ်ချက်တွေကို အကောင်းဆုံးကြိုးစားပြင်ဆင်ရင်း YG အသင်းအတွက်သာမက စင်မြင့်ထက်မှာ မြန်မာ့ E sports ကိုသိအောင် ပြသဖို့အတွက် ကြိုးစားသွားမှာပါ” လို့ YG Team က MT Entertainment ကိုပြောပါတယ်။
အဲဒီအခမ်းအနားကို YG Team အသင်းသားတွေကို ချစ်ခင်အားပေးတဲ့ PUBG Game အဖွဲ့သားတွေက လာရောက်တွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၂ ရက်မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာပြီး ဆော်ဒီနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ပြီးတော့ အောက်တိုဘာ ၄ ရက်မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။
ပရိသတ်တွေရဲ့ စစ်မှန်တဲ့အားပေးမှုနဲ့အတူ YG အသင်းအနေနဲ့ ဆော်ဒီမြေမှာကျင်းပပြုလုပ်မယ့် 2025 PMWC ခရီးစဉ်ကြီးမှာလည်းအကောင်းမွန်ဆုံး Gameplay တွေ ထုတ်ပြရင်း Champion ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
#YGRoadtoEWC2025 #FanMeetingandConference
#YangonGalacticos #YGPUBGM #PUBGM #Fanmeetandgreet #EWC2025 #PUBGMOBILEMM





