၁၆. ၇. ၂၀၂၅
Weitten by Nay Moe
LPDF ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင်ရဲ့ ဦးလေးတော်သူ ကံထူးဆိုတဲ့ LPDF လက်နက်ကိုင်ဟာ KIA ထုတ် ဗုံးကိုလွယ်ပြီး လမ်းလျှောက်နေချိန် ခလုတ်တိုက်လဲရာက လွယ်ထားတဲ့ ဗုံးကွဲလို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒီနေ့ ဇူလိုင် ၁၆ ရက်မှာ ဝက်လက်အခြေစိုက် BO Tiger အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Bo Tiger (ဗိုလ်ကျားကြီး) ရဲ့ ဦးလေးဖြစ်တဲ့ ရဲဘော်ကံထူးဟာ ၁၃.၇. ၂၀၂၅ နေ့မှာ မိုင်းမတော်တဆဖြစ်ပြီး သေဆုံးသွားလို့ အထူးဝမ်းနည်းကြေကွဲရပါတယ်လို့လည်း BO Tiger တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ကံထူးဟာ အသက် ၄၆ နှစ်အရွယ် ဖြစ်ပြီး ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက KIA ထုတ် ဗုံးတွေပိုက်ပြီး အောင်သပြေကျေးရွာအနီး ရောက်လာချိန် ခလုတ်တိုက်လဲရာက လွယ်အိတ်အတွင်းထည့်လာတဲ့ လက်ပစ်ဗုံးက မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့လို့ ဝမ်းဗိုက်ပွင့်ထွက် ခါးပြတ်လုနီးနီးဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားခဲ့တာပါ။
သေသွားတဲ့ LPDF ကံထူးရဲ့ အလောင်းကို မိုးကာစအစုတ်၊ စောင်တွေနဲ့ပတ်ပြီး နေ့ချင်း အသုဘချလိုက်တယ်လို့လည်း ဖော်ပြထားတဲ့ပုံတွေအရ သိရပါတယ်။



